ထိုင်းနိုင်ငံမှ သက်တမ်း ၆၅ နှစ်ရှိ အဝေးပြေးခရီးသည်တင်ယာဉ်ကုမ္ပဏီ Cherdchai Tour နိဂုံးချုပ်


ထိုင်းနိုင်ငံမှ သက်တမ်း ၆၅ နှစ်ရှိ အဝေးပြေးခရီးသည်တင်ယာဉ်ကုမ္ပဏီ Cherdchai Tour နိဂုံးချုပ်

 

ထိုင်းနိုင်ငံမှ သက်တမ်း ၆၅ နှစ် ရှိပြီဖြစ်သော အဝေးပြေးခရီးသည်တင်ယာဉ်ကုမ္ပဏီ Cherdchai Tour  ပိုင်ရှင် Sujinda Cherdchai က ကုမ္ပဏီကို ထုခွဲရောင်းချဖို့ ကြေညာထားပါတယ်။ 

 

ပိုင်ရှင်အမျိုးသမီး Sujinda က ထိုင်းဘတ်စ်အော်ပရေတာအသင်း  Thai Bus Operators Association ဥက္ကဋ္ဌ ဖြစ်ပါတယ်။ 

 

Cherdchai Tour  ပိုင်ရှင် Sujinda Cherdcha

 

ပြည်နယ်များအကြားပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ် ကုမ္ပဏီက ၂၀၁၇ ခုနှစ်ကတည်းက အရှုံးပြနေခဲ့ပါတယ်။ ပြည်တွင်းခရီးသွားများအကြား ဘတ်စ်ကားဖြင့် ခရီးဝေးသွားခြင်းအစား စရိတ်သက်သာတဲ့ လေကြောင်းလိုင်းများမှ လေယာဉ်ဖြင့် သွားလာခြင်းက ပိုရေပန်းစားပါတယ်။ 

ကုမ္ပဏီရဲ့ ဘတ်စ်ကား ၂၀၀ ကျော်မှာ ၂၀~၃၀% မျှသာ ယခုအခါ ပြေးဆွဲပါတယ်။ ကျန်တဲ့ ဘတ်စ်ကားများ ခရီးသည်မရလို့ ရပ်ထားရပါတယ်။ လတ်တလောမှာ စက်သုံးဆီလည်း ဈေးမြင့်တက်နေလို့ တွက်ခြေမကိုက် ဖြစ်နေပါတယ်။

ခရီးဝေး ပြေးဆွဲတဲ့ ဘတ်စ်လိုင်းတွေမှာ ခရီးသည် အရနည်းနေတယ်။ ခရီးသွားတွေက ဈေးချိုလေကြောင်းလိုင်းဖြင့် သွားရတာကို ပိုကြိုက်ကြကြောင်း Sujinda က ပြောကြားပါတယ်။ 

ကိုဗစ်ရောဂါ ကူးစက်မှာ စိုးရိမ်သဖြင့် လူအများနှင့် အတူတကွ ခရီးသွားရတဲ့ ဘတ်စ်ကားအစား ကိုယ်ပိုင်ကားဖြင့်ဖြစ်စေ၊ စင်းလုံးငှား ကားဖြင့်ဖြစ်စေ သွားလာကြတယ်လို့ Sujinda က ရှင်းပြပါတယ်။ အဲဒီအလေ့အကျင့် ယခုထိ ဆက်ရှိနေတာကြောင့် အဝေးပြေးဘတ်စ်ကား စီးသူဦးရေ လျော့နည်းနေဆဲ ဖြစ်ပါတယ်။

"တကယ်လို့ ကျွန်မတို့ရဲ့ ဘတ်စ်တွေအကုန်လုံး ပြေးဆွဲမယ်ဆိုရင် တစ်လ စက်သုံးဆီဖိုး ဘတ် ၄ သန်း ကုန်လိမ့်မယ်။ ဒီတော့ ကျွန်မတို့ ခရီးတို ခရီးစဉ်တွေပဲ ပြေးဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘတ်စ်တွေ ပြေးဆွဲမှ ယာဉ်မောင်းတွေ ဝန်ထမ်းတွေကို အလုပ်ပေးထားနိုင်မယ်"

 

 

 

Sujinda သည် အသက် ၈၅ နှစ်ရှိပြီဖြစ်ရာ အရှုံးပြနေသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုစိတ် မရှိတော့ချေ။ သူမရဲ့  ကလေး ၄ ယောက်တို့မှာလည်း ကိုယ်ပိုင်ကုမ္ပဏီကိုယ်စီ ရှိနေကြတယ်။  သို့ဖြစ်ရာ Cherdchai Tour ကို ထုခွဲရောင်းချဖို့ သူမက ဆုံးဖြတ်ခဲ့ပါတယ်။

 

Sujinda က သူမရဲ့ အခြား စီးပွားရေးလုပ်ငန်းများ ဖြစ်သော ဘတ်စ်ကားကိုယ်ထည်လုပ်ငန်း၊ Volvo  ဘတ်စ်ကား တရားဝင်အရောင်းကိုယ်စားလှယ် နှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတို့ကို ဆက်လက် လုပ်ကိုင်သွားမယ်လို့ ပြောကြားပါတယ်။

 

 

Cherdchai Corporation က အကြီးမားဆုံး ဘတ်စ်ကားကိုယ်ထည်စက်ရုံအဖြစ် လုပ်ငန်း စတင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ အခြား စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

Cherdchai မှာ ဘတ်စ်ကား စင်းလုံးငှား လုပ်ငန်းလည်း ရှိနေပြီး  Ms Suchinda က ဆက်လက်လုပ်ကိုင်ခြင်း ပြုမပြု ပြောကြားခြင်း မပြုပါဘူး။

 

 

 

 

 

Read 10814 times