ဟွာဝေး ကုမ္ပဏီခွဲ အသစ်နှင့် Changan တို့ ဖက်စပ်လုပ်ငန်း Newcool ထူထောင်


ဟွာဝေး ကုမ္ပဏီခွဲ အသစ်နှင့် Changan တို့ ဖက်စပ်လုပ်ငန်း Newcool ထူထောင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် Changan ဥက္ကဋ္ဌ Zhu Huarong က ချန်ဂံနှင့် ဟွာဝေးတို့ ဖက်စပ်လုပ်ငန်း ထူထောင်ကြောင်း အသိပေးကြေညာခဲ့သည်။
ချန်ဂံနှင့် ဟွာဝေးတို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ယခုအခါ “Newcool” အမည်ဖြင့် ဖက်စပ်လုပ်ငန်း ထူထောင်လိုက်ကြသည်။
Newcool သည် အဓိက ကဏ္ဍ ၇ ရပ်ကို စူးစိုက် လုပ်ကိုင်မည်။ ယင်းတို့မှာ
• စမတ် မောင်းနှင်ခြင်း
• ယာဉ်မောင်းအတွက် ဉာဏ်ရည်
• စမတ်ကား ဒစ်ဂျစ်တယ် ပလက်ဖောင်း
• ဉာဏ်ရည်သုံး ကား cloud
• စမတ်ကားမီး
• Augmented Reality Head Up Display AR-HUD
တို့ ဖြစ်ပါသည်။

ဟွာဝေးသည် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍကို Huawei Smart Car Solutions အဖြစ် ခွဲထုတ်ပြီး ကုမ္ပဏီ အသစ်ဖြစ် သီးခြား ရပ်တည် လုပ်ကိုင်စေသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် စတင်ထူထောင်သည်။ ရှန်ကျန်းမြို့ရှိ ဟွာဝေးရုံးချုပ်တွင် ထားရှိသည်။ 
 
 ဟွာဝေးသည် ဘက်ထရီ ထုတ်လုပ်ရေး လုပ်ငန်းကြီး CATL Contemporary Amperex Technology Co. Limited နှင့် ချန်ဂံတို့၏ ဖက်စပ်လုပ်ငန်း Avatr ထုတ်လုပ်သည့် ကားများအတွက် ပစ္စည်းပေးသွင်းသူ ဖြစ်သည်။
Avatr ကားများအတွက် CHN ပလက်ဖောင်း ဖန်တီးရာတွင် ဟွာဝေး ပါဝင်ကူညီခဲ့သည်။

 

ချန်ဂံ၏ ကားအမှတ်တံဆိပ် Deepal အတွက် စမတ် မောင်းနှင်မှု နည်းလမ်းများကို ဟွာဝေး ဖန်တီးပေးသည်။

ဟွာဝေးသည် ကားထုတ်လုပ်မှု မလုပ်သော်လည်း ကားထုတ်လုပ်သည့် လုပ်ငန်းများထံ ဆော့ဖ်ဝဲလ်နှင့် ဟဒ်ဝဲလ်များ ဖန်တီးပေးအပ်သည်။ 
ဟွာဝေး၏ မဟာဗျူဟာသည် မိုက်ခရိုဆော့ဖ်နှင့် ဆင်တူသည်။ မိုက်ခရိုဆော့ဖ်သည် ယခင်က ကွန်ပျူတာ ထုတ်လုပ်ခြင်း မပြုဘဲ ကွန်ပျူတာများတွင် သုံးစွဲသည့် ဝင်းဒိုးစ် ဆော့ဖ်ဝဲလ်ကိုသာ ထုတ်လုပ်ခဲ့သည်။ ကုမ္ပဏီများမှ ထုတ်လုပ်သော ကွန်ပျူတာများသည် ဝင်းဒိုးစ်ကို မဖြစ်မနေ သုံးစွဲကြရသည်အထိ မိုက်ခရိုဆော့ဖ်က ကြီးစိုးထားသည်။
ဟွာဝေးသည် ကားမထုတ်လုပ်ဘဲ ကားအတွက် ဆော့ဖ်ဝဲလ်များ၊ ၎င်းဆော့ဖ်ဝဲလ်များ သုံးသည့် စက်ပစ္စည်းများကိုသာ ထုတ်လုပ်ပြီး ကားကုမ္ပဏီများ၏ ကားမော်ဒယ်များတွင် ထည့်သုံးစေရန် ကားကုမ္ပဏီများနှင့် ပူးပေါင်းသည်။

Seres ကားလုပ်ငန်းနှင့် Aito ကားမော်ဒယ်များ ထုတ်လုပ်သည်။
Chery ကားလုပ်ငန်းနှင့် Luxeed ကားမော်ဒယ်များ ထုတ်လုပ်သည်။
BAIC ကားလုပ်ငန်းနှင့် Stelato ကားမော်ဒယ်များ ထုတ်လုပ်သည်။
JAC ကားလုပ်ငန်းနှင့် ကားမော်ဒယ်များ ထုတ်လုပ်ရန် စီစဉ်နေပြီး လောလောဆယ်တွင် ယာဉ်အမှတ်တံဆိပ်ကို မကြေညာသေးပါ။


တရုတ်ပြည်တွင် ဟွာဝေးသည် ၎င်း၏ အထင်ကရ အရောင်းဆိုင်စတိုးများတွင် Aito နှင့် Luxeed တို့၏ ကားမော်ဒယ်များကို ပြသ ရောင်းချသည်။
ထို့ပြင် ဟွာဝေး ထူထောင်ထားသည့် HIMA Harmony Intelligent Mobility Alliance ၏ စတိုးဆိုင်များတွင်လည်း ပြသရောင်းချသည်။
လက်ရှိတွင် HIMA မဟာမိတ်အဖွဲ့တွင်  AITO (Seres Group), Luxeed (Chery), Stelato (BAIC) တို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
HIMA မဟာမိတ်အဖွဲ့ဝင်တို့ ဟွာဝေးနှင့် ပူးပေါင်းလုပ်ကိုင်သည့် မော်ဒယ်အမည်များသည် မူရင်း တရုတ်အမည်ကို နီးစပ်ရာအသံထွက်ဖြင့် အင်္ဂလိပ်အမည် ပေးထားခြင်းဖြစ်သည်။ 
ဥပမာ 问界 (AITO) , 智界 (Luxeed)
တရုတ်အမည်တွင် "界" ပါအောင် ထည့်ထားသည်။
၎င်းတရုတ်အမည် အမှတ်တံဆိပ်များကို ဟွာဝေးက ပိုင်ဆိုင်သည်။ အင်္ဂလိပ်အမည်အသီးသီးကို သက်ဆိုင်သည့် ကားလုပ်ငန်းက ပိုင်ဆိုင်ပါသည်။ 

Source:Zaker Baijiahao
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 159 times