တိုယိုတာ Century SUV ကားတစ်စီးချင်း သုံးနာရီခွဲကြာ အချိန်ယူ  စစ်ဆေး


တိုယိုတာ Century SUV ကားတစ်စီးချင်း သုံးနာရီခွဲကြာ အချိန်ယူ  စစ်ဆေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တိုယိုတာသည် Century SUV ကို ကားတစ်ချင်း စစ်ဆေးပေးပြီး စစ်ဆေးရေး ကျွမ်းကျင်မှု မာစတာအဆင့်ရှိသူ တဦးတည်းဖြင့် စစ်ဆေးစေပြီး  စစ်ဆေးရန် သုံးနာရီခွဲကြာ အချိန်ယူပါသည်။

ထုတ်လုပ်မှု နောက်ဆုံးအဆင့် အပြီးတွင် စစ်ဆေးမှုအားလုံးကို မာစတာစစ်ဆေးရေးမှူးတစ်ဦးတည်းက လုပ်ဆောင်ပါသည်။
 
စန်ကျူရီ  "Century" သည် ၁၉၆၇ ခုနှစ်ကတည်းက တိုယိုတာ၏ တန်းအမြင့်ဆုံး စည်းစိမ် ဆီဒင် ဖြစ်ခဲ့ပါသည်။
ယခုအခါ စင်ကျူရီကို ထုတ်လုပ်နေကျ မဟုတ်သည့် SUV အမျိုးအစားဖြင့် ထုတ်လုပ်ပါသည်။

စန်ကျူရီ ဈေးနှုန်းမှာ ‌ကန်ဒေါ်လာ ၁၇၀,၀၀၀ ဝန်းကျင် ဖြစ်ပါသည်။
ဂျပန်နိုင်ငံမှ တိုယိုတာ ကားစက်ရုံ Tahara Plant တွင် စန်ကျူရီကို ထုတ်လုပ်ပါသည်။
အပြီးသတ် စစ်ဆေးမှုကို မာစတာအဆင့် ကျွမ်းကျင်သူ တဦးတည်းက လုပ်ဆောင်ပါသည်။

အခြားမော်ဒယ်များတွင် ပုံမှန်အားဖြင့် စစ်ဆေးသူများဖြင့် စစ်ဆေးပြီး စစ်ဆေးသူက ကိုယ်တာဝန်ယူထားသည့် အပိုင်းကိုသာ စစ်ဆေးပါသည်။ 
စစ်ဆေးသူ ဖြစ်လာရန် ပြင်းထန်သည့် လေ့ကျင့်ရေး အစီအစဉ်ကို သင်တန်းတက်ရပါသည်။ 

မာစတာအဆင့် ရောက်ဖို့အတွက်လည်း သင်တန်းများ တက်ရပါသည်။ 
မာစတာတဦးက စန်ကျူရီကို စစ်ဆေးရာ၌ အဆင့် ၁၇ ခုကို စစ်ဆေးရပါသည်။ 
Lexus ကားများ စစ်ဆေးသည့် မာစတာများထဲမှ နှစ်ဦးကို လက်ရွေးစင် ရွေးချယ်ပြီး စန်ကျူရီကို စစ်ဆေးခိုင်းပါသည်။
ကားတစ်စီး စစ်ဆေးရန်  သုံးနာရီခွဲကြာ အချိန်ယူပါသည်။
မာစတာက အမြင်အားဖြင့် စစ်ဆေးပြီးနောက် စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို စက်ကိရိယာအကူအညီဖြင့် စစ်ဆေးပေးပါသည်။ 
တိုယိုတာသည် စန်ကျူရီကို တလလျှင် အစီးရေ ၃၀ မျှသာ ထုတ်လုပ်ပါသည်။


Source motor1
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1135 times