ဆော်ဒီအာရေဗျ အီးဗီ Ceer ထုတ်လုပ်ရန် Foxconn နှင့် ပူးပေါင်း 


ဆော်ဒီအာရေဗျ အီးဗီ Ceer ထုတ်လုပ်ရန် Foxconn နှင့် ပူးပေါင်း 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်ဝမ်နည်းပညာလုပ်ငန်းစု Hon Hai Precision Industry သည် ဆော်ဒီအာရေဗျ အစိုးရ၏ Saudi Public Investment Fund နှင့် ပူးပေါင်းကာ လျှပ်စစ်ကားများ ထုတ်လုပ်ခြင်းကို ဆော်ဒီအာရေဗျနိုင်ငံတွင် လုပ်ကိုင်မည်။
ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman က ဆော်ဒီအာရေဗျ၏ စီးပွားရေးကို ရေနံတစ်ခုတည်းအပေါ် တည်မှီနေခြင်းအစား စီးပွားရေးလုပ်ငန်း အမျိုးမျိုး လုပ်ကိုင်ရန် စိတ်အားထက်သန်သူ ဖြစ်သည်။

ဂျာမန် ကားလုပ်ငန်း BMW ထံမှ ယာဉ်အစိတ်အပိုင်းနည်းပညာကို သုံးစွဲခွင့် လိုင်စင်ရယူ၍ ကား brand အသစ် "Ceer" ကို ဒီဇိုင်းထုတ်ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် Ceer ကားများကို ၂၀၂၅ တွင် စတင်ထုတ်လုပ်မည်ဖြစ်သည်။
ဆော်ဒီအာရေဗျ အစိုးရ၏ Saudi Public Investment Fund မှ အရင်းအနှီး ထည့်ဝင်ပေးမည်။

 iPhone အပါအဝင် Apple ၏ပစ္စည်းများ တပ်ဆင်ထုတ်လုပ်သည့် Foxconn အမည်ဖြင့် လူသိပိုများသည့်   Hon Hai Precision Industry သည် အီးဗီ ထုတ်လုပ်ရေးကို အမေရိကန်၊ ထိုင်း၊ ထိုင်ဝမ်တို့တွင် လုပ်ကိုင်လျက်ရှိသည်။
 iPhone နှင့် MacBook တို့ကို တပ်ဆင်သည့် ကမ္ဘာ့အကြီးဆုံး ကန်ထရိုက်ရယူပြီး အီလက်ထရွန်နစ် ထုတ်လုပ်သူ Foxconn သည် ဘက်ထရီမှ ချစ်ပ်များအထိ ပြီးပြည့်စုံသော အီးဗီ ယာဉ်ပစ္စည်းများ ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်နေပြီဖြစ်သည်။ Ceer အတွက်လည်း အီးဗီယာဉ်ပစ္စည်းများ ရရှိဖို့ ထောက်ပံ့ရေးကွင်းဆက်ကို Foxconn က တာဝန်ယူ လုပ်ကိုင်ပေးမည် ဖြစ်သည်။
 .
Ceer တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၅၀ ကျော် ဝင်လာဖို့ မျှော်မှန်းထားသည်။ တိုက်ရိုက်နှင့် သွယ်ဝိုက် အလုပ်အကိုင် ၃၀,၀၀၀  ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။ ၂၀၃၄ တွင် ဝင်ငွေ ကန်ဒေါ်လာ ၈ ဘီလီယံရဖို့ ရည်မှန်းချက် ထားရှိသည်။
.
ကုမ္ပဏီသည် Saudi Public Investment Fund (PIF) နှင့် Hon Hai Precision Industry Co. (Foxconn) တို့၏ ဖက်စပ်လုပ်ငန်းဖြစ်ပါသည်။
Source ndtv
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3108 times