နီဆန်း စခန်းချယာဉ် Caravan  Myroom မော်ဒယ်အသစ်


နီဆန်း စခန်းချယာဉ် Caravan  Myroom မော်ဒယ်အသစ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 

နီဆန်းက စခန်းချယာဉ် Caravan ကို Myroom မော်ဒယ်အမည်ဖြင့် ထုတ်လုပ်ရာ၌ Myroom မော်ဒယ်အသစ် ဗင်ကားကို ထုတ်လုပ်မည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

 

 

ဗင်မော်ဒယ်အသစ်သည် ညအိပ်ညနေ ခရီးထွက်သူများနှင့် ဘီးတပ် ရွေ့လျားရုံး လိုအပ်သော အလုပ်ကို လုပ်ကိုင်နေသူများအတွက် အံဝင်ခွင်ကျ ဖြစ်အောင် ဒီဇိုင်းထုတ်ထားသည်။

Myroom မော်ဒယ်အသစ်ကို နွေရာသီတွင် စတင်ရောင်းချမည်။ ယာဉ်အတွင်းပိုင်းကို သက်တောင့်သက်သာဖြင့် အသုံးပြုနိုင်သော အခန်းတစ်ခုဖြစ်နေအောင် ဖန်တီးပေးထားသည်။

 

ယာဉ်အတွင်း အိပ်စက်ရန် အိပ်ရာနှင့် အလုပ်လုပ်ရန် စားပွဲတလုံး စီစဉ်ပေးထားသည်။

 

Myroom ကို တနှစ်လျှင် အစီးရေ ၁,၀၀၀ ရောင်းချရန် ရည်မှန်းထားသည်။ 

ယမန်နှစ်က ဂျပန်တွင် စခန်းချယာဉ် Caravan စီးရီး အစီးရေ ၂ သောင်းဝန်းကျင် ရောင်းချခဲ့သည်။

Myroom ၂ ဘီးယက် ဗားရှင်း အခြေခံဈေးနှုန်းမှာ ယန်း ၅.၉၆ သန်း ($39,900) ဖြစ်ပြီး ၄ ဘီးယက် ဗားရှင်း အခြေခံဈေးနှုန်းမှာ ယန်း ၆.၉၆ သန်း ဖြစ်ပါသည်။ ၂ ဘီးယက် နှင့် ၄ဘီးယက် ယန်း ၁ သန်း ဈေးကွာပါသည်။

 

 

 Source YouTube

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 491 times