အစီးရေ ၂၁ သန်းကျော် ရောင်းချခဲ့သည့် Camry ဂျပန်တွင် အရောင်း ရပ်တော့မည်


အစီးရေ ၂၁ သန်းကျော် ရောင်းချခဲ့သည့် Camry ဂျပန်တွင် အရောင်း ရပ်တော့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တိုယိုတာသည် Camry ဆီဒင်ကို အစီးရေ ၂၁ သန်းကျော် ရောင်းချခဲ့သည်။ ဂျပန်တွင် Camry ရောင်းအား ထိုးကျနေသဖြင့် ဂျပန်တွင် အရောင်း ရပ်လိုက်တော့မည်ဖြစ်သည်။

 

၂၀၂၂ ခုနှစ်တွင် တိုယိုတာက ကမ်မရီ Camry အစီးရေ ၆ သိန်းဝန်းကျင် ရောင်းချခဲ့သည်။ ဂျပန်တွင် အစီးရေ ၆ ထောင်ဝန်းကျင်သာ ရောင်းချနိုင်ခဲ့သည်။ ၁% မျှသာ ရှိသည်။ သို့ဖြစ်ရာ ၄၃ နှစ် ကြာပြီးချိန်တွင် ဂျပန်မှာ ထုတ်လုပ်မှု ရပ်လိုက်တော့မည်ဖြစ်သည်။
ကမ်မရီအတွက် အဓိက ဈေးကွက်မှာ အမေရိကန် ဖြစ်ပါသည်။ ယမန်နှစ်က အစီးရေ ၂၉၅,၂၀၀ ကို အမေရိကန်မှာ ရောင်းချခဲ့သည်။ ကမ်မရီရောင်းအား စုစုပေါင်း၏ ထက်ဝက်နီးပါး ဖြစ်ပါသည်။ သို့ဖြစ်ရာ အမေရိကန်အတွက် ကမ်မရီကို ဆက်လက် ထုတ်လုပ်သွားမည် ဖြစ်သည်။
တိုယိုတာသည် ကမ်မရီကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ရောင်းချလျက်ရှိသည်။

Toyota သည် ဂျပန်တွင် Camry ဆီဒီကားများကို ယခုနှစ်ကုန်တွင် ရောင်းချမှု ရပ်ဆိုင်းမည်ဖြစ်သည်။

Toyota သည် ဂျပန်နိုင်ငံတွင် Century၊ Corolla နှင့် Mirai ဆီဒင်များနှင့် အခြားကားငယ်များကို ရောင်းချဆဲ ဖြစ်ပါသည်။

တိုယိုတာသည် ဂျပန်ဈေးကွက်အတွက် Camry ထုတ်လုပ်မှုကို ယခုနှစ်ကုန်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဂျပန်ရှိ ၎င်း၏ အရောင်းကိုယ်စားလှယ်များထံ  အသိပေးသည့်စာတွင် ဖော်ပြထားသည်။ အရောင်းကို အဆင့်ဆင့် လျှော့ချသွားပြီး နိဂုံးချုပ်မည်။ 
 
 Toyota သည် Camry ကို ၁၉၈၀ တွင် ဂျပန်နိုင်ငံတွင် စတင်ရောင်းချခဲ့ပြီး  အစီးရေ ၁.၃ သန်းခန့် ရောင်းချခဲ့ပြီးပြီဖြစ်သည်။ 
 ကမ်မရီသည် ယခုအခါ မျိုးဆက် ၁၀ ဆက်ရှိပြီ ဖြစ်သည်။
လက်ရှိမျိုးဆက်တွင် ဓာတ်ဆီ ဘက်ထရီ ဟိုက်ဘရစ်ဗားရှင်းကိုလည်း ထုတ်လုပ်သည်။

ဂျပန်တွင် SUV န‌ှင့် မီနီဗင်များ အဝယ်များနေပြီး အမေရိကန်တွင် SUV န‌ှင့် ပစ်ကပ်ထရပ် အဝယ်များနေပါသည်။

Source caranddriver
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 892 times