တရုတ်ဘက်ထရီလုပ်ငန်း CALB က Honda အတွက် ပေးသွင်းခွင့် ရရှိ


တရုတ်ဘက်ထရီလုပ်ငန်း CALB က Honda အတွက် ပေးသွင်းခွင့် ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံမှ ဘက်ထရီ ထုတ်လုပ်သူ China Aviation Lithium Battery CALB သည် ဘက်ထရီ ပေးသွင်းရန် ဂျပန်နိုင်ငံမှ Honda Motors နှင့် သဘောတူညီချက် ရရှိကြောင်း ဟောင်ကောင်စတော့အိပ်ချိန်းစာရင်းဝင်  CALB က ကြေညာချက် ထုတ်ပြန်သည်။ CALB အတွက် ပင်လယ်ရပ်ခြားသို့ ချဲ့ထွင်ရန် အရေးပါသည့် မိုင်တိုင်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

 

 ဂျပန်နှင့် တရုတ် နိုင်ငံများမှ ကျွမ်းကျင်သူများ ပါဝင်သည့် ပူးတွဲအဖွဲ့က CALB ၏ ထုတ်လုပ်မှုစွမ်းရည်၊ အရည်အသွေး အာမခံချက် ပေးနိုင်မှု အစရှိသည်တို့ကို စစ်ဆေးခဲ့ရာ အောင်မှတ် ရရှိခဲ့သည်။ သို့ဖြစ်ရာ CALB သည် Honda ၏ အီးဗီများ ဖြစ်သည့်   e:NP1 နှင့် e:NS1 မော်ဒယ်များအတွက် ဘက်ထရီထုပ်များကို တရားဝင် စတင်ပေးသွင်း‌တော့မည်ဟု CALB ၏ တရားဝင် WeChat အကောင့်တွင် အသိပေးပါသည်။

CALB ၏ မော်တော်ကားလုပ်ငန်း ဖောက်သည်များတွင် အဓိက ပြည်တွင်း မော်တော်ကားလုပ်ငန်းများ ဖြစ်ကြသည့် Xpeng နှင့် NIO တို့ ပါဝင်ပါသည်။

 

စီအီးအို  Liu Jingyu

 

Jiangsu အခြေစိုက် ကုမ္ပဏီ CALB သည် ငါးနှစ်အတွင်း ကမ္ဘာ့အဆင့် ထိပ်တန်း တတိယနေရာ ရရှိရန် ရည်မှန်းထားကြောင်း CALB ၏ အမျိုးသမီးဥက္ကဋ္ဌ နှင့် စီအီးအို  Liu Jingyu က ပြောကြားသည်။

အီးဗီဘက်ထရီ ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် Contemporary Amperex Technology Co., Limited CATL သည် ကမ္ဘာ့အကြီးဆုံး အီးဗီဘက်ထရီ ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဝေစု ၃၇% ရရှိထားပါသည်။

Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 682 times