လုပ်ငန်းသုံး လျှပ်စစ်မော်တော်ဆိုင်ကယ် CAKE မိတ်ဆက်ပြသ


လုပ်ငန်းအမျိုးမျိုးမှာ သုံးစွဲဖို့ အဆင်ပြေအောင် စိတ်ကူးပေးထားတဲ့ မော်တော်ဆိုင်ယယ်မော်ဒယ်အသစ်ကို ဆွီဒင်မှ လျှပ်စစ်မော်တော်ဆိုင်ကယ် ကုမ္ပဏီ CAKE က အီတလီနိုင်ငံမှာ ကျင်းပတဲ့ EICMA Milan Motorcycle Show မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ CAKE ရဲ့ နောက်ဆုံးထုတ် မော်ဒယ်ဖြစ်လို့ မော်ဒယ်အသစ် အဖြစ် CAKE က ပြပွဲမှာ မိတ်ဆက်ပြသပေမဲ့ CAKE ရဲ့ ဖောက်သည်တွေကတော့ CAKE :work ကို ဝယ်စီးပြီး လုပ်ငန်းခွင်မှာ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ 

CAKE :work လို့ အမည်ပေးထားတဲ့ လျှပ်စစ်ဆိုင်ကယ်ကို CAKE မှ ထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ် မော်ဒယ် သုံးခုအပေါ်မှာ အခြေခံပြီး ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပါတယ်။ ဆိုင်ကယ်ပေါ်မှာ တင်ပြီး သုံးစွဲမယ့် လျှပ်စစ်ပစ္စည်းနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေအတွက် လိုအပ်တဲ့ ဓာတ်အားကို ဆိုင်ကယ်ရဲ့ ဘက်ထရီထံမှ ရယူသုံးစွဲနိုင်အောင်လည်း စီမံပေးထားပါတယ်။ 

 

 


 

Read 2835 times