တရုတ်နိုင်ငံတွင် လျှပ်စစ် Cadillac ကို GM ပြသ


တရုတ်နိုင်ငံတွင် လျှပ်စစ် Cadillac ကို GM ပြသ


အမေရိကန်ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်း  General Motors GM က China International Import Expo မှာ ခမ်းနားထည်ဝါတဲ့ လျှပ်စစ်ကား Cadillac မော်ဒယ်အသစ်ကို ပြသခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှ သူဌေးတွေကို ရောင်းချဖို့ ရည်ရွယ်ပါတယ်။
 

GM က လျှပ်စစ် Cadillac Celestiq မော်ဒယ်ကို စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ပြည်ပမှတင်သွင်းသော ကားများကို ရောင်းချတဲ့ အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
.
Celestiq ကို အမေရိကန်နိုင်ငံမှာ ထုတ်လုပ်မှာဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလမှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ 
.
ရောင်းဈေး အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ဖြစ်ပါတယ်။ လက်ဖြင့် တည်ဆောက်ပေးမယ့်ကား ဖြစ်တာကြောင့် တစ်နှစ်တာမှာ စီးရေ ရာဂဏန်းမျှသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Celestiq က ၄ ယောက်စီး ကားဖြစ်ပါတယ်။ ပါဝါ 600 hps အထိ ထုတ်ပေးနိုင်ပြီး ခရီးတာ မိုင် ၃၀၀ ဝန်းကျင်အထိ သွားနိုင်ပါတယ်။ 
.
ဝယ်ယူသူအနေဖြင့် ယာဉ်အတွင်းပိုင်းမှာ နှစ်သက်ရာ ရွေးချယ်ဖို့ ရွေးချယ်စရာတွေ စီစဉ်ပေးထားမှာ ဖြစ်ပြီး ကားကိုယ်ထည်အရောင်ကိုလည်း စိတ်ကြိုက်အရောင် ရွေးချယ်နိုင်ပါတယ်။
Source caranddriver
 

Read 1356 times