ကမ္ဘာ့ရောင်းအားတွင် BYD က နီဆန်းကို မီရန် အစီးရေ ရာဂဏန်းသာ လို


ကမ္ဘာ့ရောင်းအားတွင် BYD က နီဆန်းကို မီရန် အစီးရေ ရာဂဏန်းသာ လို

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

BYD ၏ လျှပ်စစ်ကားများသည် ပြည်တွင်းပြည်ပတွင် စျေးကွက်ဝေစုကို သိမ်းပိုက်နိုင်သောကြောင့် ထိပ်တန်းတရုတ်ကားထုတ်လုပ်သူ BYD သည် ကမ္ဘာ့ရောင်းအားတွင် ဂျပန်မှ Nissan Motor ကို မီလုနီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။

 နီဆန်းသည် ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာတွင် အိမ်စီးကား ၈၂၄,၃၅၄ စီး ရောင်းချခဲ့သည်။ ၎င်းစာရင်းတွင် နီဆန်းနှင့် စီးပွားဖက်ပြုထားသည့် Mitsubishi Motors နှင့် Renault တို့၏ အရောင်းစာရင်း မပါဝင်ပါ။

 BYD သည် ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာတွင် အိမ်စီးကား ၈၂၄,၀၀၁ စီး ရောင်းချခဲ့သည်။

သို့ဖြစ်ရာ BYD က နီဆန်းကို မီရန် ၃၅၃ စီးသာ လိုတော့သည်။

အချို့သော လေ့လာသုံးသပ်သူများသည် ယခုနှစ်အတွင်း BYD ရောင်းအား ၃ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။
ယခုသုံးလပတ်တွင် နောက်ထပ် ကားအစီးရေ ၈၀၀,၀၀၀ ရောင်းချနိုင်ခဲ့လျှင် ၃ သန်းပြည့်သွားမည် ဖြစ်သည်။

BYD သည် ယခုသုံးလပတ်တွင် ဂျပန်နိုင်ငံ၏ တတိယအကြီးဆုံး ကားထုတ်လုပ်သည့် နီဆန်းကို ပထမဆုံးအကြိမ်အဖြစ် ကျော်တက်သွားနိုင်သည်။


 


BYD သည် ဘက်ထရီထုပ်နှင့် လျှပ်စစ်မော်တာတို့ကို ကိုယ်တိုင် ထုတ်လုပ်သည်။ သို့ဖြစ်ရာ အီးဗီနှင့် ဟိုက်ဘရစ်များ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ် သက်သာသည်။ BYD သည် brand အသစ်များ တောင်ပံဖြန့်ထားသည်။ မော်ဒယ်အသစ်များ ထုတ်လုပ်ရာတွင် မြန်သည်။ 

နီဆန်းသည် လျှပ်စစ်ကားကို ရှေ့ဆောင်သူ ဖြစ်ခဲ့သော်လည်း ယခုအခါ နှေးနေသည်။ လျှပ်စစ်ကား မော်ဒယ် Ariya နှင့် Sylphy တို့ကို ထုတ်လုပ်သည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1421 times