ဗီယက်နမ်တွင်  BYD အရောင်းဆိုင် စတင်ဖွင့်လှစ်တော့မည်


ဗီယက်နမ်တွင်  BYD အရောင်းဆိုင် စတင်ဖွင့်လှစ်တော့မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် မေလတွင် ဟနွိုင်းမြို့မှာ  အရောင်းဆိုင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

 Sedan နှင့် SUV အမျိုးအစားများကို ရောင်းချမည်။

 

 

SUV အမျိုးအစား BYD Atto 3 မော်ဒယ်သည် ပြည်ပဈေးကွက်များတွင် အဝယ်လိုက်သည်။ ဆွီဒင်တွင် ရောင်းအား ကောင်းသည်။ ထိုင်းတွင် အရောင်းရဆုံး အီးဗီ ဖြစ်သည်။ ၆၀ ကီလိုဝပ် နာရီ ဘက်ထရီထုပ် သုံးထားသည်။ ခရီးတာ ၄၈၀ ကီလိုမီတာ ရသည်။ ထိုင်းတွင် US$30,750 ဖြင့် ဈေးဖွင့်သည်။ 

ထိုင်းတွင် ကန်ဒေါ်လာ ၅၀၄ သန်း ရင်နှီးမြှုပ်နှံပြီး တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတည်ဆောက်နေသည်။ မတ်လတွင် စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။ 

 

ဗီယက်နမ်အတွက် တရုတ်ပြည်မှ တင်သွင်းရောင်းချမည်။ 

နောက်နောင်တွင် ထိုင်းနိုင်ငံမှာ ထုတ်လုပ်သည့် အီးဗီများကို ဗီယက်နမ်သို့ တင်သွင်းရောင်းချမည်။ ထိုင်းနှင့် ဗီယက်နမ်တို့သည် အာဆီယံ နိုင်ငံများ ဖြစ်သဖြင့် ထိုင်းမှာ ထုတ်လုပ်သည့် ကားများတင်သွင်းသည့်အခါ၌ အာဆီယံ ကုန်သွယ်မှု သဘောတူညီချက်များအရ သွင်းကုန်ခွန် သုညဖြင့် တင်သွင်းခွင့် ရရှိမည် ဖြစ်သည်။

 

BYD ကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယမန်နှစ်က လျှပ်စစ်ကား အစီးရေ ၁.၆၂ သန်း ရောင်းချခဲ့သည်။ ကမ္ဘာ့အဆင့်အနေဖြင့် တက်စလာပြီးလျှင် BYD သည် အီးဗီ ဒုတိယအများဆုံး ရောင်းချသူ ဖြစ်သည်။ 

၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လပတ်တွင် BYD အီးဗီရောင်းအားသည် တက်စလာထက် ပိုများခဲ့သည်။ တက်စလာက ၄၈၄,၀၀၀ စီးဝန်းကျင် ရောင်းချခဲ့ပြီး BYD က ၅၂၆,၀၀၀ စီးဝန်းကျင် ရောင်းချခဲ့သည်။ 

 

 BYD ရောင်းအားတွင် ၉၀% သည်တရုတ်ပြည်တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 170 times