တရုတ်ပြည်တွင်းဈေးကွက်အတွက် BYD နည်းပညာသုံး Toyota bZ3 လျှပ်စစ်ဆီဒင်


တရုတ်ပြည်တွင်းဈေးကွက်အတွက် BYD နည်းပညာသုံး Toyota bZ3 လျှပ်စစ်ဆီဒင်
 


 Toyota bZ3 ဟာ လျှပ်စစ်ဆီဒင် မော်ဒယ်အသစ်ဖြစ်ပါတယ်။ဆီဒင်အမျိုးအစားအနေဖြင့် Toyota ရဲ့ ပထမဆုံး လျှပ်စစ်ဆီဒင် ဖြစ်ပါတယ်။ တရုတ်ပြည်တွင်း ဈေးကွက်အတွက်သာ ရည်ရွယ်ထားပါတယ်။  Toyota bZ3 ကို FAW-Toyota ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်ပါတယ်။ တရုတ်ပြည်တွင်း လျှပ်စစ်ကားဈေးကွက်ထဲသို့ စတုတ္ထ ၃ လပတ်မှာ စတင်ရောက်ရှိမှာ ဖြစ်ပါတယ်။


2021 bZ SDN concept နမူနာကားကို ထုတ်လုပ်ရေးဗားရှင်းအဖြစ်သို့ ပြောင်းလဲမွမ်းမံပြီး bZ3 ကို ထုတ်လုပ်ပါတယ်။

2021 bZ SDN concept ca

.
Toyota က  hybrid မှာ အကြီးအကျယ် အောင်ပွဲခံခဲ့တယ်။ ဟိုက်ဘရစ်ကို လက်မလွှတ်တဲ့အတွက် တရုတ်ပြည်တွင်းဈေးကွက်ရဲ့ လျှပ်စစ်ကားဈေးကွက်အပိုင်းအကန့်မှာ နောက်ကျကျန်ရစ်ပါတယ်။  ပိုဆိုးတာက Toyota ရဲ့ ဟိုက်ဘရစ်တွေက အင်ဂျင်ဖြင့် ဘက်ထရီကို အားသွင်းတဲ့ ဟိုက်ဘရစ်တွေ ဖြစ်နေတယ်။ hybrid electric vehicle HEV တွေ ဖြစ်ပါတယ်။

ပြင်ပမှ ဓာတ်အားကို ပလပ်ထိုးရယူပြီး ဘက်ထရီအားသွင်းတဲ့ ဟိုက်ဘရစ် plug-in hybrid electric vehicle PHEV မဟုတ်တဲ့အတွက် တရုတ်အစိုးရရဲ့ မူဝါဒအရ စွမ်းအင်သစ်မော်တော်ယာဉ် New Energy Vehicle(NEV) စာရင်းမှာ စာရင်းမဝင်ပါဘူး။

  • လျှပ်စစ်ကား electric vehicle EV, 
  • ပလပ်ထိုး ဟိုက်ဘရစ် လှျပ်စစ်ကား plug-in hybrid electric vehicle PHEV, 
  • လောင်စာဆဲလ် လျှပ်စစ်ကား fuel cell electric vehicle FCEV 

တို့သာ စွမ်းအင်သစ်မော်တော်ယာဉ်စာရင်းမှာ စာရင်းဝင်ပါတယ်။ တရုတ်အစိုးရက စွမ်းအင်သစ် မော်တော်ယာဉ်တွေကိုသာ  အထောက်အပံ့တွေ ပေးပါတယ်။  နောက်ကျကျန်ရစ်တဲ့ Toyota က တရုတ်လျှပ်စစ်ကားဈေးကွက်ထဲ အရာရောက်တဲ့အဖြစ် မြန်မြန်ရပြီး အမီလိုက်နိုင်ဖို့ အခြားကုမ္ပဏီများထံမှ နည်းပညာကို ဝယ်ယူသုံးစွဲပါတယ်။


Toyota က bZ4X ကို ထုတ်လုပ်တယ်။ GAC-Toyota တို့ ထုတ်လုပ်တဲ့ လျှပ်စစ်ကား ဖြစ်ပါတယ်။ တရုတ် နိုင်ငံပိုင်လုပ်ငန်း Guangzhou Automobile Group Co., Ltd GAC ရဲ့ လျှပ်စစ်မော်တာကို သုံးစွဲထားပါတယ်။

 

base model ၁၈ လက်မ တာယာ
..

bZ3 မော်ဒယ်အတွက် Toyota က BYD ရဲ့ နည်းပညာကို သုံးစွဲပါတယ်။ အတိအကျ ပြောရရင် BYD မှ ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ လက်အောက်ခံ ကုမ္ပဏီ  Fudi Industrial က အီးဗီနည်းပညာကို အခြားကားလုပ်ငန်းများထံ ရောင်းချပေးပါတယ်။ Fudi Industrial ထံမှ အီးဗီနည်းပညာကို Toyota ဝယ်ယူသုံးစွဲပါတယ် ။ တပ်ဆင်ဖို့ ပလက်ဖောင်းကိုတော့ Toyota ပိုင်ဆိုင်တဲ့ e-TNGA architecture ကို သုံးပါတယ်။  Toyota bZ3 မှာ BYD ရဲ့ Blade LFP ဘက်ထရီကို အသုံးပြုပါတယ်။ 

 

  top-spec mode  ၁၆ လက်မ တာယာ


bZ3 က နောက်ဘီးယက် ဖြစ်ပါတယ်။ ‘TZ200-XS002’ မော်တာ သုံးစွဲထားပြီး အဆင့်အတန်း ၂ မျိုး ခွဲခြားထားပါတယ်။ အခြေခံဈေးနှုန်း အဆင့်အတွက် ပါဝါ 183 hp အထိ ရနိုင်တဲ့ မော်တာ သုံးထားပါတယ်။ ပရီမီယံ အမြင့်ဈေးနှုန်ူ အဆင့်အတွက် ပါဝါ 244 hp အထိ ရနိုင်တဲ့ မော်တာ သုံးထားပါတယ်။ ၂မျိုးစလုံးမှာ အမြန်ဆုံး အမြန်နှုန်းက 160 km/h ဖြစ်ပါတယ်။ အရွယ်အစားက 4725/1835/1475 mm ဖြစ်ပါတယ်။ ယာဉ်အလေးချိန် 1835 kg ဖြစ်ပါတယ်။   244 hp မှာ ၁၈ လက်မ တာယာတွေ သုံးထားပါတယ်။   183 hp မှာ ၁၆ လက်မ တာယာတွေ သုံးထားပါတယ်။ 

 


 一汽丰田, FAW-Toyota တံဆိပ်ကို ဝဲဘက်မှာ တပ်ထားပါတယ်။ 

နိုဝင်ဘာလမှာ ကျင်းပမယ့် Guangzhou Auto Show မှာ ပြသပါမယ်။  စတင်ရောင်းချမယ့်ရက်ကို ၎င်းကားပြပွဲမှာ အသိပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

Source carnewschina

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 3549 times