တိုကျိုတွင် BYD ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်တော့မည်


တိုကျိုတွင် BYD ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်တော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ် အီးဗီ ထုတ်လုပ်သူ BYD Auto သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၎င်း၏ အရောင်းပြခန်းကို သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ တိုကျိုမြို့တွင် ပထမဆုံး ဖွင့်လှစ်မည့် BYD အရောင်းပြခန်း ဖြစ်ပါသည်။
"ဖွင့်ပွဲပြပွဲ"ကို ဩဂုတ် ၂၆ မှ စက်တင်ဘာ ၁၀ ရက်အထိ ကျင်းပမည်။


အရောင်းပြခန်းတွင် တရုတ်ပြည်တွင်းမှာ Yuan PLUS အမည်ဖြင့် ရောင်းချပြီး ပြည်ပတွင် ATTO 3 အမည်ဖြင့် ရောင်းချသည့် မော်ဒယ်ကို ‌ပြသရောင်းချမည်။ များမကြာမီတွင် နောက်ထပ် အီးဗီ မော်ဒယ် ၂ ခု ဖြစ်သည့် BYD Dolphin နှင့် BYD Seal ကို စတင်ရောင်းချမည်။

 

BYD သည် ဂျပန်ဈေးကွက်သို့ ဝင်ရောက်ပြီး အီးဗီ စတင်ရောင်းချသည်မှာ လပိုင်းသာ ရှိသေးသော်လည်း ဂျပန်တွင် အရောင်းပြခန်း ၁၀ ခု ဖွင့်လှစ်ထားပြီ ဖြစ်သည်။
 ၆၅၅ စီး ရောင်းချခဲ့သည်။ ပျမ်းမျှအားဖြင့် တလ အစီး ၁၀၀ ဝန်းကျင် ရောင်းချခဲ့သည်။

BYD သည် ဂျပန်နိုင်ငံတွင် ပထမဆုံး အရောင်းပြခန်းကို ယိုကိုဟားမားတွင် ၂၀၂၃ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။ 

 ဂျပန်တွင် ၂၀၂၅ နှစ်ကုန် မတိုင်ခင်မှာ အရောင်းပြခန်း ခုရေ ၁၀၀ ဝန်းကျင် ဖွင့်လှစ်ရန် ရည်မှန်းထားသည်။
 ၂၀၂၃ ဇူလိုင်လကုန်တွင် BYD သည် အရောင်းပြခန်း ၄၇ ခု ဖွင့်လှစ်ထားပြီ ဖြစ်သည်။ အာဒါချီတွင် တစ်ခု၊ ဟီရိုရှီးမားတွင် တစ်ခု စက်တင်ဘာလဆန်းပိုင်းတွင် ဆက်လက် ဖွင့်လှစ်သွားမည်။ 


 BYD သည် ပြည်ပဈေးကွက်များ တိုးချဲ့လျက် ရှိရာ ဇူလိုင်လတွင် ၁၈,၁၆၉ စီး ပြည်ပသို့ တင်ပို့ခဲ့သည်။
ပြည်ပရောင်းအားသည် ပြည်တွင်းပြည်ပ စုစုပေါင်း ရောင်းအား၏ ၇% အထိ ရှိလာပြီ ဖြစ်သည်။
BYD သည် ၂၀၂၃ ခုနှစ်တွင် ပြည်ပသို့ အစီးရေ ၂ သိန်း တင်ပို့ရန် လျာထားသည်။

Source: BYD; iTHome
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 305 times