ပင်ကိုမောင်းနှင်ခြင်းသည် မဖြစ်နိုင်သဖြင့် ကားများထက် စက်ရုံများအတွက်  ပိုတန်ဖိုးရှိဟု BYD ပြောကြား


ပင်ကိုမောင်းနှင်ခြင်းသည် မဖြစ်နိုင်သဖြင့် ကားများထက် စက်ရုံများအတွက်  ပိုတန်ဖိုးရှိဟု BYD ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ် အီးဗီ ကုမ္ပဏီကြီး BYD က ပင်ကိုမောင်းနှင် နည်းပညာသည် စက်ရုံများအတွက် ကားများထက် ပိုတန်ဖိုးရှိသည်ဟု ဆိုသည်။

အပြည့်အဝ အလိုအလျောက် မောင်းနှင်ခြင်းသည် အခြေခံအားဖြင့် မဖြစ်နိုင်သဖြင့် ၎င်းနည်းပညာကို ထုတ်လုပ်ရေးတွင် ပိုမိုကောင်းမွန်စွာ အသုံးချနိုင်မည်ဖြစ်ကြောင်း တရုတ်ဘက်ထရီနှင့် လျှပ်စစ်ကားကုမ္ပဏီ BYD မှ ပြောကြားခဲ့သည်။

"ဒီနည်းပညာမှာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံတဲ့  စက်မှုလုပ်ငန်း‌ေတွ၊ စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိနိုင်ပါတယ်။ နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံပြီးရင် ဘယ်ကိုမှ မ‌ရောက်နိုင်ဘူးဆိုတာ သက်သေပြပါလိမ့်မယ်" ဟု BYD ၏ ပြောရေးဆိုခွင့်ရှိသူ Li Yunfei က ပြောကြားသည်။

လျှပ်စစ်ကားနှင့် နည်းပညာကုမ္ပဏီများ အများအပြားတို့သည် ပင်ကိုမောင်းနှင် နည်းပညာကို လုပ်ဆောင်နေကြသည်။

ကားပါကင်နှင့် အခြားလုပ်ငန်းတာဝန်များတွင် ယာဉ်မောင်းများကို ကူညီပေးရန်အတွက် နည်းပညာ အသုံးပြုခြင်းသည်  Tesla နှင့် တရုတ်နိုင်ငံရှိလျှပ်စစ်ကားအမှတ်တံဆိပ်များက ဝယ်ယူသူများကို ဆွဲဆောင်ရန်အတွက် အသုံးပြုနေသည့် အင်္ဂါရပ်တစ်ခုဖြစ်သည်။ အပြည့်အဝအလိုအလျောက်မောင်းနှင်ခြင်းကိုလည်း မျှော်မှန်းထားကြသည်။

 သို့သော်  တရုတ်နိုင်ငံတွင် လျှပ်စစ်ကားများ အများဆုံးရောင်းချသည့် BYD သည် ကွဲပြားသောအမြင်ကို ခံယူထားသည်။
 
"လူနဲ့ လုံးဝတသီးတခြား ခွဲထားတဲ့ ပင်ကိုမောင်းနှင်နည်းပညာဟာ အတော်ဝေးနေပါသေးတယ်။ အခြေခံအားဖြင့် မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ထင်ပါတယ်" ဟု Li Yunfei က ပြောကြားသည်။

ဘက်စုံထောင့်စုံမှ စဉ်းစားကြည့်လျှင် ပင်ကိုမောင်းနှင်ခြင်းသည် မဆီလျော်သည့်အရာဟု BYD က ရှုမြင်ကြောင်း Li က ပြောကြားသည်။
 
နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် လူ ၂ သန်းခန့် သေဆုံးနေရကြောင်း၊ ကားများက ပင်ကိုမောင်းနှင်နေကြသည်ဆိုပါက ယာဉ်တိုက်မှုအတွက် မည်သူမည်ဝါကို တရားခံပါဟု အတိအကျ စွပ်စွဲဖို့ ခက်မည်ဟု Li က ပြောကြားသည်။

ကားစက်ရုံများတွင် နည်းပညာအသုံးပြုမှု တိုးလာသော်လည်း နောက်ဆုံးတပ်ဆင်လိုင်းသည် လူသားလုပ်သားများအပေါ်တွင်သာ မှီခိုနေရဆဲဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် စက်ရုံအလုပ်သမားတစ်ဦးစီသည် ကုမ္ပဏီ၏ လစဉ်လုပ်ခလစာနှင့် အကျိုးခံစားခွင့်များ၊ နေထိုင်ရန် အဆောင်များ ထားရှိပေးရခြင်း စသည်တို့ကို ထည့်သွင်းစဉ်းစားသည့်အခါ စက်ရုံအလုပ်သမားတစ်ဦးစီသည် တစ်နှစ်လျှင် ယွမ် ၁၅၀,၀၀၀ ခန့် ကုန်ကျကြောင်း ၎င်းက ပြောသည်။

ငါးနှစ်ကျော် ကုန်ကျစရိတ်က ယွမ် ၆ သိန်း မှ ၇ သိန်းအထိရှိကြောင်း Li က ပြောကြားသည်။

လူမလိုဘဲ စက်များဖြင့်သာ အလိုအလျောက် လုပ်နိုင်မည်ဆိုပါက စက်ရုံအနေဖြင့်  အလိုအလျောက်နည်းပညာအတွက် တန်ဖိုးထားခြင်းသည် ကားမှာ သုံးသည်ထက် ပိုတန်ဖိုးရှိမည်။ စက်များသည် စားသောက်ခြင်း၊ အိပ်စက်ခြင်းတို့မရှိသဖြင့် တောက်လျှောက် အလုပ်လုပ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

Source cnbc
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 169 times