ဘရာဇီးမှာ BYD Seal အီးဗီ ဒေါ်လာ ခြောက်သောင်းကျော်ဖြင့် စတင်ရောင်းချ


ဘရာဇီးမှာ BYD Seal အီးဗီ ဒေါ်လာ ခြောက်သောင်းကျော်ဖြင့် စတင်ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဩဂုတ်လ ၃၀ ရက်တွင် ဘရာဇီးနိုင်ငံမှာ BYD Seal EV ဆီဒင်ကို ဗားရှင်းတစ်မျိုးတည်းဖြင့် စတင်ရောင်းချသည်။ ဈေးနှုန်းမ‌ှာ ဘရာဇီး နိုင်ငံသုံးငွေ ဟေအိုက်စ် ၂၉၆,၈၀၀($ 60,685) သတ်မှတ်ထားသည်။
ယခင် ရောင်းချသည့် BYD Han EV ထက် ဈေးသက်သာသည်။ Han EV ကို ရောင်းဈေး ဟေအိုက်စ် ၅၃၉,၉၀၀ ($110,390) သတ်မှတ်ထားသည်။ တရုတ်ပြည်တွင် 38,380 USD ဖြင့် ဈေးဖွင့်သည်။ ဘရာဇီးတွင် ၅၈% ပိုများသည်။


BYD Seal ကို BYD Seal EV နှင့်  ဘက်ထရီ ပလပ်ထိုးအားသွင်းနှင့် ဓာတ်ဆီအင်ဂျင် ဟိုက်ဘရစ် BYD Seal DM-i ၂ မျိုး ထုတ်လုပ်ထားရာ၌ ဘရာဇီးတွင် အီးဗီကို ရောင်းချခြင်း ဖြစ်သည်။

 

မော်တာ၂ လုံး စုစုပေါင်း ပါဝါ 531 hp ၊ ရုန်းအား 590 Nm အထိ ထုတ်ပေးနိုင်ပြီး 0 - 100 km/h ကီု ၃.၈ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
82.56-kWh LFP ဘက်ထရီ သုံးထားပြီး ခရီးတာ ကီလိုမီတာ ၅၃၀ အထိ သွားနိုင်သည်။ ၃၀% မှ ၈၀% သို့ အားသွင်းရန် နာရီဝက် ကြာသည်။
၄ ဘီးယက် ဗားရှင်းဖြစ်သည်။ တနည်းဆိုရသော် အမြင့်ဆုံး ဗားရှင်းကို ဘရာဇီးမှာ ရောင်းချခြင်း ဖြစ်သည်။


 ဘရာဇီးတွင် ရောင်းချသည့် BYD Seal EV သည် တရုတ်ပြည်တွင် ရောင်းချသည့် BYD Seal EV နှင့် အရွယ်အစား တူသည်။
အလျား 4800 mm
အကျယ် 1875 mm
အမြင့် 1460 mm
ခါးအလျား 2920 mm
ဘီးမှာ 235/45 R19 အရွယ်အစား ဖြစ်ပါသည်။

BYD သည် ဘရာဇီးဈေးကွက်အတွက် ကြီးကြီးမားမား အစီအစဉ်များ ရှိသည်။ 
ယခုအခါ မော်ဒယ် ၆ မျိုး ရောင်းချနေသည်။ 
• Seal, 
• Dolphin, 
• Yuan Plus (Atto 3), 
• Song Plus (Seal U), 
• Han,
• Tan (Tang)
တို့ ဖြစ်ပါသည်။

 


Seal EV စတင်ရောင်းချချိန်တွင် အမှာစာ ၄,၀၀၀ ကျော် ရရှိသည်။


Source: BYD Brazil, Quatro Rodas

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 544 times