ထိုင်းမှာ BYD အရှိန်တင် တိုးချဲ့


ထိုင်းမှာ BYD အရှိန်တင် တိုးချဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD Co သည်  ဂျပန်ကားထုတ်လုပ်သူများ၏ အမာခံနယ်‌ေမြကို စိန်ခေါ်ရန်အတွက် အရှေ့တောင်အာရှဈေးကွက်ကို စတင်ဝင်ရောက်နေပြီဖြစ်သည်။

အရှေ့တောင်အာရှဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀% ကျော်ကိုပိုင်ဆိုင်ထားသည့်ဂျပန် ကားလုပ်ငန်းများကို ထိုးစစ်ဆင်ရသည့် BYD သည် အရှေ့တောင်အာရှဈေးကွက်မှာ ရွေးချယ်စရာ မော်ဒယ်များ မစီစဉ်ပေးနိုင်ခြင်းနှင့် ကားရောင်းချပြီးနောက် ဝန်ဆောင်မှု မပေးနိုင်ခြင်း  အားနည်းချက် ရှိနေသည်။ သို့သော် BYD သည် ထိုင်းပြည်တွင်းမှာ ထုတ်လုပ်ရေး ထားရှိပြီး ဈေးကွက်ကို ထိုးဖောက်ရန် လုပ်ဆောင်နေသည်။

 

နဝမ ရရှိခဲ့

ထိုင်းနိုင်ငံတွင် မတ်လအတွင်းက ကျင်းပခဲ့သည့် အရှေ့တောင်အာရှတွင် အကြီးဆုံးသော မော်တော်ယာဉ်ပြပွဲကြီးဖြစ်သည့် (၄၄)ကြိမ်မြောက် Bangkok International Motor Show တွင် လာရောက်ကြည့်ရှုသူများ BYD အရောင်းပြခန်းသို့ ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။

BYD ၏ မော်တော်ယာဥ်များထဲမှ တစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သော အသက် ၂၁ နှစ်အရွယ် လုပ်ငန်းပိုင်ရှင်တစ်ဦးက "အခု ကျွန်တော့မှာ ဓာတ်ဆီအတွက် တစ်လကို ဘတ် ၈၀၀၀ (အမေရိကန်ဒေါ်လာ ၂၃၀) အထိ ကုန်ကျတဲ့ Honda တစ်စီးရှိတယ်။ BYD အတွက်ဆိုရင် မီတာခ ဘတ် ၁၀၀၀ ပဲ ပေးရမယ်"ဟု ပြောကြားသည်။

ပျမ်းမျှဝင်ငွေ တစ်လလျှင် ဘတ် ၁၅၀၀၀ သာ ရရှိသည့် ထိုင်းနိုင်ငံတွင် ကားဝယ်ဖို့ ရွေးချယ်ရာတွင် ဆီစားသက်သာခြင်းသည် အရေးကြီးသောအချက် ဖြစ်သည်။

 ၁၂ ရက်ကြာ မော်တော်ကားပြပွဲတွင် ပါဝင်ပြသသည့် ကားထုတ်လုပ်သူများသည် အကြမ်းဖျင်းအားဖြင့် ကားအစီးရေ ၄၃,၀၀၀ ရောင်းချခဲ့ရသည်။

Toyota Motor Corp.နှင့် Honda Motor Co တို့သည် စီးရေအများဆုံး ရောင်းချနိုင်ခဲ့သူများ ဖြစ်သည်။ အခြား ဂျပန်ကားထုတ်လုပ်သူများလည်း ကားအရောင်းရဆုံး ထိပ်တန်း (၁၀) စာရင်းမှာ ပါဝင်သည်။
BYD သည်  ATTO 3 မော်ဒယ်တစ်ခုတည်းကိုသာ ပြပွဲတွင် ပြသခဲ့ပြီး စီးရေ ၂၇၀၀ ခန့် ရောင်းချနိုင်ခဲ့ပြီး ကားအရောင်းရဆုံး ထိပ်တန်း (၁၀)စာရင်းတွင် နဝမနေရာကို ရရှိခဲ့သည်။

ထိုင်းအစိုးရထံမှ ထောက်ပံ့ကြေးကြောင့် ATTO 3 ကို ဘတ် ၁.၂ သန်းဖြင့် ရောင်းချနိုင်သဖြင့် ဈေးသက်သာသည့် ဓာတ်ဆီကားများကို ရောင်းဈေးတွင် ယှဉ်ပြိုင်နိုင်သည်။
BYD က ထိုင်းတွင် နောက်ထပ် မော်ဒယ် ၂ ခု ထပ်တိုးပြီး ရောင်းချရန် စီစဉ်နေသည်။

"တရုတ်နိုင်ငံနဲ့ ယှဉ်ရင် ကျွန်တော်တို့မှာ သွားရမယ့်လမ်းက ဝေးနေပါသေးတယ်။ စျေးကွက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိဖို့ နောက်ထပ်မော်ဒယ်တွေ ထပ်ထည့်ချင်ပါတယ်"ဟု ကုမ္ပဏီ၏ ဒေသတွင်း လုပ်ကိုင်မှုကို ဦးစီးရသူ Liu Xueliang က ပြောကြားသည်။

 

ဘက်ထရီဖြင့် စတင်ခဲ့

BYD ကို ၁၉၉၅ ခုနှစ်တွင် မိုဘိုင်းလ်ဖုန်းများအတွက် ဘက်ထရီထုတ်လုပ်ရန် တည်ထောင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် မော်တော်ကားလုပ်ငန်းထဲသို့ ဝင်ရောက်ခဲ့သည်။

အီးဗ‌ီ ထုတ်လုပ်ရေး ကုမ္ပဏီ ၃၀၀ ဝန်းကျင်ရှိသော တရုတ်ပြည်တွင် ဈေးကွက်ကို ကြီးစိုးထားသည့်အဆင့်သို့ ရောက်ရှိလာသည်။
၂၀၂၂ ခုနှစ်တွင် အီးဗီ အစီးရေ ၉၁၀,၀၀၀ ရောင်းချခဲ့သည်။

 

အရှေ့တောင်အာရှသို့ ဝင်ရောက်

ထိုင်းဈေးကွက်ထဲသို့ ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ အရောင်းကွန်ရက်များ လျင်မြန်စွာ တည်ဆောက်သည်။
  
မတ်လတွင် BYD သည် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်လျှင် ကားအစီးရေ ၁ သိန်းခွဲ  ထုတ်နိုင်ရေးအတွက် ထိုင်းအရှေ့ပိုင်း ရယောင် ပြည်နယ်တွင် ၎င်း၏ ပထမဆုံးသောပြည်ပ ကားစက်ရုံကို စတင်တည်ဆောက်ခဲ့သည်။
Source Bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 72 times