စင်ကာပူလျှပ်စစ်စကူတာ  BYD  တပ်ဆင်ထုတ်လုပ်ပေးမည်


စင်ကာပူလျှပ်စစ်စကူတာ  BYD  တပ်ဆင်ထုတ်လုပ်ပေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


စင်ကာပူလျှပ်စစ်စကူတာကုမ္ပဏီ Scorpio သည် လျှပ်စစ်စကူတာ X1 ၏ အကြိုထုတ်လုပ်မှုရှေ့ပြေးပုံစံများကို ထုတ်လုပ်ရန် Shenzhen BYD Electronics နှင့် ပူးပေါင်း လုပ်ကိုင်နေသည်။


လျှပ်စစ်စကူတာ ထုတ်လုပ်သည့် စင်ကာပူ ပြည်တွင်းကုမ္ပဏီ Scorpio Electric သည် X1 လျှပ်စစ်စကူတာများ တပ်ဆင်ထုတ်လုပ်‌ေပးရန် တရုတ်နိုင်ငံ ရှန်ကျန်းမြို့ အခြေစိုက် BYD လုပ်ငန်းစုထံ ကန်ထရိုက် အပ်နှံထားသည်။
 
Scorpio သည် အိမ်စီးပြိုင်ကားများ ဖြန့်ဖြူးသည့် အများပိုင်လုပ်ငန်း EuroSports Global ၏ လုပ်ငန်းတစ်ခုဖြစ်သည်။

BYD လုပ်ငန်းစု၏ မိုဘိုင်းဖုန်းနှင့် လက်ပ်တော့များ တပ်ဆင်ထုတ်လုပ်ပေးသည့် Shenzhen BYD Electronics သည် Scorpio ၏ စကူတာ X1 ၏ ထုတ်လုပ်မှုအကြို ရှေ့ပြေးပုံစံများ pre-production prototypes (PPR) တပ်ဆင် ထုတ်လုပ်ပေးမည်။
"အဲဒီ PPR စကူတာတွေကို အကြမ်းခံနိုင်ရည် စမ်းသပ်မှုတွေ လုပ်မယ်။ လိုအပ်တဲ့ ထောက်ခံချက် လက်မှတ်တွေ လျှောက်ထားရယူမယ်။ ရောင်းချခွင့်အတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေထံမှ အတည်ပြုခွင့်ပြုချက်တွေ ရယူမယ်။ အရည်အသွေးနှင့် စွမ်းဆောင်ရည် အမြင်မားဆုံး စံနှုန်းတွေ ဖြစ်တာ သေချာအောင် လုပ်မယ်" ဟု Scorpio က ပြောကြားသည်။
 

ကုမ္ပဏီသည် နိုဝင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ အီတလီနိုင်ငံ မီလန်တွင် ကျင်းပမည့် မော်တော်ဆိုင်ကယ် ထိပ်တန်းပြပွဲတစ်ခုဖြစ်သည့် Esposizione Internazionale Ciclo Motociclo e Accessori ပြပွဲတွင် X1 ကို ပြသမည် ဖြစ်သည်။
၎င်းပြပွဲတွင် နောက်နောင် ထုတ်လုပ်မည့် လျှပ်စစ်မော်တော်ဆိုင်ကယ်များကိုလည်း ပြသမည်။

Scorpio Electric ၏အမှုဆောင်အရာရှိချုပ် Mr Joshua Goh က ကုမ္ပဏီနှင့် BYD တို့သည် ၂၀၂၂ ခုနှစ်ကတည်းက ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Straits Times သို့ပြောကြားခဲ့သည်။

" BYD က ကျွန်တော်တို့ရဲ့အလုပ်ကို တာဝန်ယူပြီး လုပ်ပေးမယ်ဆိုတော့ ကျွန်တော်တို့ အံ့ဩသွားတယ်။ ဘာလို့လဲဆိုတော့ BYD လို ကုမ္ပဏီကြီးအဖို့  အသေးအမွှား ဖြစ်နေတယ်" ဟု Mr Goh က ပြောကြားသည်။
"တကယ်တော့ တပ်ဆင်ထုတ်လုပ်ပေးဖို့  ထိုင်းနဲ့ ဉရောပ ကုမ္ပဏီတစ်ခုဆီကို ကျွန်တော်ကသွားဆွေးနွေးခါနီးမှာ BYD နဲ့ အဆင်ပြေသွားတယ်" ဟု ၎င်းက ပြောကြားသည်။

X1 ကို ၂၀၂၃ နှစ်ကုန်တွင် ရောင်းချရန် ရည်မှန်းထားဆဲဖြစ်သည်။ ပထမဆုံးနှစ်တွင် အစီးရေ ၂,၀၀၀ မှ ၃,၀၀၀ အထိ ရောင်းချရန် ရည်မှန်းထားသည်။
 
BYD သည် ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၁.၈၆ သန်း ထုတ်လုပ်ခဲ့ပြီး အဓိကအားဖြင့် လူစီးကားများနှင့် လုပ်ငန်းသုံးယာဉ်များ ဖြစ်သည်။

သို့သော် မကြာသေးမီကမှ BYD သည် နှစ်ဘီးတပ်ယာဉ် စျေးကွက်သို့ ဝင်ရောက်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။


၂၀၂၂ ခုနှစ်တွင် BYD သည် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်ရန်အတွက် စပိန်ဆိုင်ကယ်အမှတ်တံဆိပ် Nerva နှင့် ချိတ်ဆက်ရန် စီစဉ်ခဲ့ပါသည်။ ၎င်းမော်တော်ဆိုင်ကယ်သည် BYD ၏ iron phosphate ဘက်ထရီကို အသုံးပြုမည်ဖြစ်သည်။

Mr Goh က X1 သည် BYD ၏ဘက်ထရီကိုအသုံးပြုမည် မဟုတ်ဘဲ တောင်ကိုရီးယား Samsung မှ 5kWh ဘက်ထရီကို အသုံးပြုထားကြောင်း ပြောကြားသည်။

"ဒါပေမယ့် အနာဂတ် မော်ဒယ်တွေအတွက် BYD ရဲ့ဘက်ထရီကို အသုံးပြုဖို့ BYD နဲ့ ဆွေးနွေးနေပါတယ်။" ဟု ၎င်းက ပြောကြားသည်။

Scorpio သည် လျှပ်စစ်စကူတာကို အကောင်အထည် ဖော်နေခဲ့သည်မှာ လေးနှစ်ကျော်ပြီ ဖြစ်သည်။ Covid-19 ကပ်ရောဂါကြောင့် နှောင့်နှေးကြန့်ကြာခဲ့သည်။

X1 ၏ အဓိကစျေးကွက်သည် ဥရောပဖြစ်လိမ့်မည်ဟု Mr Goh မှ ပြောကြားသည်။

"X1 က ဥရောပဈေးကွက်အတွက် ထုတ်လုပ်ထားတဲ့ ပရီမီယံ စကူတာပါ" ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့လျှပ်စစ်စကူတာနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ဈေးကွက်သည် ၂၀၃၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇.၂၄ ဘီလီယံ ကျော်လွန်မည်ဟု ခန့်မှန်းထားသည်။

 


ရောင်းဈေးမှာ $9,800 ဖြစ်ပါသည်။
Scorpio Electric Scooter X1 
အမြန်ဆုံး အမြန်နှုန်းမှာ 105 kmph ဖြစ်ပါသည်။ 
အားအပြည့်သွင်းပြီး ခရီးတာ ၂၀၀ ကီလိုမီတာအထိ သွားနိုင်မည်။
မော်တောပါဝါမှာ 10Kw  အထိ ရနိုင်ပါသည်။ 
အရှိန်တင်နိုင်စွမ်းမှာ 0-50 kph ကို ၄.၂ စက္ကန့် ကြာပါသည်။ 
ဘက်ထရီမှာ 4.8kWh Lithium-ion. 72V 73Ah ဖြစ်ပါသည်။
၉၀% အထိ အားပြည့်ရန် ၂ နာရီခွဲ ကြာပါသည်။ 
Source straitstimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 501 times