ကားသော့ပါသည့် စမတ်လက်ပတ်နာရီအသစ် BYD စတင်ထုတ်လုပ်


ကားသော့ပါသည့် စမတ်လက်ပတ်နာရီအသစ် BYD စတင်ထုတ်လုပ်


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

BYD သည်  ကားသော့ပါသည့် စမတ်လက်ပတ်နာရီအသစ်ကို အွန်လိုင်းမှာ တင်ပြခဲ့သည်။ 

 

ပထမအသုတ် ထုတ်လုပ်သည့် ကားသော့ပါသည့် စမတ် လက်ပတ်နာရီအသစ်များကို စမ်းသပ်မှုတွင် ပါဝင်သူ ၂၀ဦး ကို ပေးအပ်မည်ဟု BYD က မတ်လဆန်းတွင် ပြောခဲ့သည်။

ကားသော့ပါသည့် စမတ်လက်ပတ်နာရီအသစ်၏ အကြောင်းအချက် အချို့ကို အွန်လိုင်းတွင် တင်ပြပေးထားသည်။

 

 

BYD စမတ်လက်ပတ်နာရီအသစ် မျက်နှာပြင်သည် အဝိုင်းပုံ ဖြစ်သည်။ လက်ရှိဈေးကွက်ထဲ ရောင်း‌ချနေသည့် စမတ်လက်ပတ်နာရီ ဒီဇိုင်းများ အတိုင်းပင် ဖြစ်သည်။

ပါဝါခလုတ်သည် အောက်ဝဲဘက်ထောင့်တွင် ရှိပြီး ကားတံခါး သော့ အဖွင့်အပိတ် ခလုတ်သည် အပေါ်ယာထောင့်တွင် ရှိသည်။ 

၎င်းစမတ်လက်ပတ်နာရီသည် ကားသော့၏ လုပ်ဆောင်ချက်များ အားလုံးကို လုပ်ဆောင်ပေးနိုင်သည်။ ကားအနားရောက်လျှင် တံခါးသော့ အလိုက်တသိ ဖွင့်ပေးခြင်း၊ ကားတံခါး သော့ခတ်ခြင်း၊ တံခါးမှန် အတင်အချ၊ ကားစက်နှိုးခြင်း၊ စက်သတ်ခြင်း၊ ကားနောက်ဖုံး ဖွင့်ခြင်း အစရှိသည်တို့ကို စမတ်လက်ပတ်နာရီဖြင့် လုပ်ကိုင်နိုင်သည်။

ကျန်းမာရေးအတွက် ခြေလှမ်းများ မှတ်သားပေးခြင်း၊ နှလုံးခုန်နှုန်း၊ အိပ်စက်ချိန် အစရှိသည်တို့ မှတ်သားပေးထားသည်။ medical-grade heart rate sensor တပ်ထားသည်။

360×360 Resolution နီလာမျက်နှာပြင် သုံးထားသည်။ Android ဖုန်းအတွက် Android 4.4 နှင့်အထက်၊ iPhone အတွက် iOS 7.1 နှင့်အထက် နှင့် တွဲဘက် အသုံးပြုရန်အတွက် Android 4.4 တင်ပေးထားသည်။ iPhone အတွက် iOS 7.1 BYD စမတ်လက်ပတ်နာရီအသစ်နှင့် တွဲဘက်နိုင်သည်။

200mAh ဘက်ထရီ ထည့်ပေးထားသည်။ standby အနေဖြင့် ရက်ပေါင်း ၃၀ ခံသည်။ ဆက်တိုက်သုံးစွဲပါက ၅-၇ ရက် ခံသည်။

Source BYD

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 234 times