အစီး ၇,၀၀၀ တင်ဆောင်နိုင်သည့် BYD ကားတင်သင်္ဘောအသစ် ပင်လယ်ခရီး စမ်းသပ်မှုပြီးစီး


အစီး ၇,၀၀၀ တင်ဆောင်နိုင်သည့် BYD ကားတင်သင်္ဘောအသစ် ပင်လယ်ခရီး စမ်းသပ်မှုပြီးစီး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကားအစီးရေ ၇,၀၀၀ တင်ဆောင်နိုင်မည့် BYD ကားတင်သင်္ဘော Explorer 1 ပင်လယ်ခရီး စမ်းသပ်မှုပြီးစီးခဲ့ပါပြီ။
ရှန်ဒေါင်ပြည်နယ် ယံတိုင်းဆိပ်ကမ်းမှ ပင်လယ်ထဲသို့ ထွက်ခွာပြီး ခရီး ၇ ရက် စမ်းသပ်ခဲ့ပါသည်။


China State Shipbuilding Corporation CSSC ၏ လက်အောက်ခံ သင်္ဘောကျင်းလုပ်ငန်း Guangzhou Shipbuilding International Company Limited (GSI) က ကားတင်သင်္ဘော Explorer 1 ကို တည်ဆောက်ခဲ့ပါသည်။

Explorer 1 သည် အလျား ၁၉၉.၉ မီတာ၊ အကျယ် ၃၈ မီတာ၊ အများဆုံးရေစူး ၉ မီတာ ရှိပြီး အမြန်နှုန်းမှာ 18.5 knots (တနာရီ ရေမိုင် ၁၈.၅)(34.3 km/h) ဖြစ်ပါသည်။

လောင်စာ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) နှင့် ရေကြောင်းသုံး လောင်စာဆီ ၂ မျိုးသုံးနိုင်သည့် dual-fuel ဖြစ်ပါသည်။

BYD သည် ပထမအဆင့်အနေဖြင့် ကားတင်သင်္ဘော အသစ် နှစ်စီးကို ကုမ္ပဏီပိုင် သင်္ဘောများအဖြစ် ထားရှိရန် အစီအစဉ် ရေးဆွဲထားပါသည်။

BYD သည် ကားအစီး ၇,၇၀၀ ဝန်းကျင် တင်ဆောင်နိုင်သည့် ကားတင်သင်္ဘော ၁၀ စီးအထိ ကုမ္ပဏီပိုင် သင်္ဘောများအဖြစ် ထားရှိရန် ရည်မှန်းထားပါသည်။
၆ စီးကို Guangzhou Shipbuilding International သင်္ဘောကျင်းမှာ အမှာစာ ချထားပြီးပြီ ဖြစ်ပါသည်။ အမှာစာများ၏ စုစုပေါင်း တန်ဖိုးမှာ ယွမ် ၅ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၀၀) ဖြစ်ပါသည်။

BYD သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် တရုတ်ပြည်မှ ပြည်ပသို့ အီးဗီ ၃၀,၆၂၉ စီး တင်ပို့ခဲ့ပါသည်။ 
ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာတွင် တရုတ်ပြည်မှ ပြည်ပသို့ အီးဗီ ၂၀၆,၆၇၉ စီး တင်ပို့ခဲ့ပါသည်။

Source: iTHome, CnEVPost


 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 3486 times