ကားတစ်စီးလျှင် ပျမ်းမျှအမြတ်ငွေ ဒေါ်လာ ၁၄၄၀ ခန့် BYD ရရှိ

 ကားတစ်စီးလျှင် ပျမ်းမျှအမြတ်ငွေ ဒေါ်လာ ၁၄၄၀ ခန့် BYD ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

BYD မှ  ထုတ်ပြန်ခဲ့သည့်  တတိယသုံးလပတ်ဝင်ငွေ အကြိုသုံးသပ်ချက်အရ BYD ၏ ယာဉ်တစ်စီး ပျမ်းမျှအမြတ်ငွေသည် ဒုတိယသုံးလပတ်မှ တတိယသုံးလပတ်တွင် ယွမ် ၂,၇၀၀ ခန့် ပိုများလာသည်။ 
ကားအစီးရေ ပိုများများ ရောင်းချနိုင်ခြင်းကြောင့် တွက်ခြေ ပိုကိုက်ပြီး အမြတ်ပမာဏ မြင့်တက်လာသည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။
ဆန်းစစ်ချက်များအရ ကုမ္ပဏီသည် ယာဉ်တစ်စီး  ပျမ်းမျှအမြတ်အစွန်း ပိုမိုတိုးတက်ကောင်းမွန်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။

BYD ၏ ယာဉ်တစ်စီး ပျမ်းမျှအမြတ်မှာ တတိယသုံးလပတ်တွင် ယွမ် ၁၀,၅၀၀ ($1,440) ခန့် ဖြစ်သည်။ 

BYD သည် တတိယသုံးလပတ်တွင် အိမ်စီးကား ၈၂၂,၀၀၀ ရောင်းချခဲ့သည်။ 

တတိယသုံးလပတ်အသားတင်အမြတ်ငွေ ယွမ် ၉.၅၅ ဘီလီယံမှ ယွမ် ၁၁.၅၅ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားသည်။ 


Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 228 times