ဂျပန်မှာ BYD မော်ဒယ် ၂ ခု ထပ်တိုး ရောင်းချမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
BYD သည် ဂျပန်နိုင်ငံ၌ နောက်ထပ် လျှပ်စစ်ကား မော်ဒယ် နှစ်ခုကို ရောင်းချမည်ဟု ကြေညာခဲ့သည်။
BYD သည် အစဉ်အလာ ကြီးမားသည့် ပြည်တွင်း ဂျပန် ကားထုတ်လုပ်သူများ ကြီးစိုးသည့် ကမ္ဘာ့စတုတ္ထအကြီးဆုံး မော်တော်ကားစျေးကွက်၏ အီးဗီအပိုင်းအကန့်တွင် ခြေကုပ်ရရှိရန် မျှော်လင့်ထားသည်။
ဂျပန်ပြည်တွင်းဈေးကွက်ထဲတွင် BYD ရောက်ရှိနေခြင်းကြောင့် ကားဝယ်စီးသူများအတွက် ရွေးချယ်စရာ ပိုများစေသည်ဟု အာရှပစိဖိတ်ဒေသ BYD ရောင်းချမှုဆိုင်ရာ အထွေထွေမန်နေဂျာ Liu Xueliang က ပြောကြားသည်။
BYD သည် ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အိမ်စီးကားစျေးကွက်သို့ စတင် ဝင်ရောက်ခဲ့သည်။ ယခုအထိ မော်ဒယ် ၂ ခုသာ ရောင်းချသည်။ ၎င်း မော်ဒယ် ၂ ခုမှာ အရွယ်အစား အလယ်အလတ် SUV မော်ဒယ် Atto 3 နှင့် အရွယ်အစား ငယ်သည့် နောက်ဖုံးဖွင့်မော်ဒယ် Dolphin တို့ ဖြစ်ပါသည်။
တတိယမြောက် မော်ဒယ်မှာ ဆီဒင်မော်ဒယ် Seal ဖြစ်ပြီး လာမည့် ဇွန်လတွင် စတင်ရောင်းချမည်။
"Seal အပြင် နှစ်စဉ် အနည်းဆုံး မော်ဒယ်အသစ် တစ်မျိုးကို ထပ်တိုးသွားမှာပါ"ဟု BYD Auto Japan ဥက္ကဋ္ဌ Atsuki Tofukuji မှ ပြောကြားပါသည်။ သူက ထပ်တိုးမည့် မော်ဒယ်များကို ပြောကြားခြင်း မပြုပါ။
ဂျပန်နိုင်ငံတွင် BYD ကားအစီးရေ ၁၇၀၀ ခန့် ကနဦးမှတ်ပုံတင်ထားကြောင်း Tofukuji မှ ပြောကြားသည်။
BYD ကားများကို နေရာတကာမှာ မြင်တွေ့ရသည့် အခြေအနေ ရရှိရန် အနည်းဆုံး ကားအစီးရေ ၃၀၀၀ သည် ဂျပန်တွင် မှတ်ပုံတင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။
"အဲဒီလိုအခြေအနေမျိုးကို မကြာခင်မှာ အကောင်အထည် ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်"ဟု Tofukuji မှ ပြောကြားသည်။
BYD သည် ဂျပန်နိုင်ငံတွင် အရောင်းပြခန်းအရေအတွက်ကို ၂၀၂၅ နှစ်ကုန်တွင် ၁၀၀ အထိ ရှိနေရန်အတွက် စီစဉ်နေသည်။
ယခုအခါ အရောင်းပြခန်း ၅၀ ကျော် ဖွင့်လှစ်ထားသည်။
ဂျပန်နိုင်ငံတွင် အီးဗီများသည် ၂၀၂၃ ခုနှစ်တွင် အိမ်စီးကားသစ်ရောင်းချမှု အားလုံး၏ ၂% မျှသာရှိသည်။ တဖြည်းဖြည်းချင်းသာ ကြီးထွားလာမည်ဟု ခန့်မှန်းထားသည်။
Source Asia Nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL