မက္ကဆီကိုတွင် စက်ရုံတည်‌ဆောက်ရန် နေရာ BYD ရှာဖွေစိစစ်နေဟု ပြောကြား


မက္ကဆီကိုတွင် စက်ရုံတည်‌ဆောက်ရန် နေရာ BYD ရှာဖွေစိစစ်နေဟု ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ကုမ္ပဏီ၏ မက္ကဆီကို ပြည်တွင်းစျေးကွက်ဝေစုကို မြှင့်တင်ရန်အတွက် မက္ကဆီကိုတွင် စက်ရုံတည်ထောင်ရန် တည်နေရာ ရှာဖွေစိစစ်နေကြောင်း BYD Americas စီအီးအို Stella Li က ပြောကြားပါသည်။

တစ်နှစ်လျှင် ကားအစီးရေ တသိန်းခွဲအထိ ထုတ်လုပ်နိုင်သည့် စက်ရုံ တည်ဆောက်မည် ဖြစ်သည်။ 

 

BYD Americas စီအီးအို Stella Li

 

Li က BYD ၏ မက္ကဆီကို ရည်မှန်းချက်များသည် ပြည်တွင်းရောင်းအားအတွက် တစ်ခုတည်းကိုသာ ဦးတည်ထားကြောင်း၊ ကုမ္ပဏီသည် အမေရိကန်နယ်စပ်အနီး မက္ကဆီကိုမြောက်ပိုင်းထက် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ စက်ရုံနေရာများအတွက် စူးစမ်းရှာဖွေနေကြောင်း ပြောကြားသည်။

အမေရိကန်နယ်စပ်အနီး မက္ကဆီကိုမြောက်ပိုင်းမှာ ကားများ ထုတ်လုပ်ခဲ့လျှင် မက္ကဆီနိုင်ငံမှ ဝယ်ယူသူများထံ ပို့ဆောင်ရသည့် စရိတ် ဈေးကြီးသဖြင့် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများကို ရွေးချယ်မည်ဖြစ်ကြောင်း သူမက ပြောကြားသည်။ 

 

“ကျွန်မတို့ရဲ့ အစီအစဉ်က ပို့ကုန်ဈေးကွက်အတွက်မဟုတ်ဘဲ မက္ကဆီကိုဈေးကွက်အတွက် အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်” ဟု သူမက ပြောကြားသည်။

BYD EV Dolphin Mini လေအိတ်ပြသထားပုံ

BYD သည် တရုတ်ပြည်တွင်းဈေးကွက်တွင် လုပ်ဆောင်ခဲ့သည့်အတိုင်း မက္ကဆီကိုတွင်လည်း စျေးနှုန်းများ သိသိသာသာ လျှော့ချပြီး ပြိုင်ဘက်များကို ယှဉ်ပြိုင်မည်ဟု ယူဆကြသည်။

 

BYD က ၎င်း၏ Dolphin Mini EV ကို ၃၅၈,၈၀၀ မက္ကဆီကန်ပီဆို ($21,019.33) ဖြင့် မက္ကဆီကိုတွင် စတင်ရောင်းချမည်ဟု ပြောကြားခဲ့သည်။ Tesla ၏ အသက်သာဆုံး‌ေဈးနှုန်း ထက်ဝက်ထက် နည်းသော စျေးနှုန်း ဖြစ်သည်။

 

"ဝယ်စီးဖို့ တတ်နိုင်ကြတဲ့ ဈေးနှုန်း ဖြစ်ပါတယ်၊ ဒါကြောင့် မက္ကဆီကို နိုင်ငံသားတွေ သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို အိမ်မှာ ထားနိုင်မယ်" ဟု Li က ပြောကြားသည်။

BYD EV Dolphin Mini

မက္ကဆီကိုတွင် အီးဗီ စီးအောင် အားပေးတိုက်တွန်းရာ၌ ရင်ဆိုင်ရသည့် စိန်ခေါ်မှုမှာ အားသွင်းရုံ ကွန်ရက် အနည်းအကျဉ်းသာ ရှိနေခြင်း ဖြစ်သည်ဟု သူမက ပြောကြားသည်။

 

Source Reuters 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 278 times