ကိုရီးယားတွင် BYD  ဘက်ထရီ ထုတ်လုပ်ရန် ဆွေးနွေး


ကိုရီးယားတွင် BYD  ဘက်ထရီ ထုတ်လုပ်ရန် ဆွေးနွေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကမ္ဘာ့နံပါတ်(၃)  လျှပ်စစ်ကားဘက်ထရီထုတ်လုပ်သူ BYD နှင့် KG Mobility Corp. (ယခင် Ssangyong Motor Co.,) KG Mobility Corp., တို့သည် တောင်ကိုရီးယားတွင် အီးဗီ ဘက်ထရီဆဲလ်စက်ရုံ ပူးတွဲတည်ဆောက်ရန် ဆွေးနွေးခဲ့ကြသည်။

တောင်ကိုရီးယား ကားလုပ်ငန်း KG Mobility သည် SUV လျှပ်စစ်ကားမော်ဒယ်များတွင် သုံးစွဲရန်အတွက် တောင်ကိုရီးယားတွင် ဘက်ထရီထုပ် ထုတ်လုပ်ရေး စက်ရုံတရုံ ထူထောင်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမြောက်အမြား စတင် ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။
တောင်ကိုရီးယားတွင် ပြည်ပလုပ်ငန်းနှင့် ပြည်တွင်း ကားလုပ်ငန်းတို့ ပထမဆုံး ဖက်စပ်လုပ်ကိုင်သည့် ဘက်ထရီစက်ရုံ ဖြစ်လာမည်။

စက်ရုဲတည်နေရာ၊ ထုတ်လုပ်စွမ်းရည် အစရှိသည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးနေဆဲဟု KG Mobility မှ ပြောကြားသည်။

KG Mobility ၏ ကားစက်ရုံ တည်ရှိရာ Pyeongtaek အနီးတဝိုက်တွင် ဘက်ထရီစက်ရုံ တည်ဆောက်ဖို့ ဖြစ်နိုင်ခြေ များသည်ဟု KG Mobility မှ ပြောကြားသည်။

KG Mobility က စက်တင်ဘာလတွင် စတင်ရောင်းချမည့် အလယ်အလတ် အရွယ်အစား SUV မော်ဒယ် Torres EVX တွင် လစ်သီယမ်သံဖော့စဖိတ် lithium iron phosphate (LFP) ဘက်ထရီ သုံးစွဲထားသည်။ 
၎င်း SUV သည် တောင်ကိုရီးယားတွင် ထုတ်လုပ်သည့် အီးဗီမော်ဒယ်များတွင် LFP ဘက်ထရီကို ပထမဆုံး အသုံးပြုသည့် မော်ဒယ် ဖြစ်လာမည်။


KG Mobility သည် ကုဒ်နံပါတ် O100EV လျှပ်စစ် ပစ်ကပ်ထရပ်တွင် BYD ဘက်ထရီ သုံးစွဲရန် ရည်ရွယ်ထားသည်။ ၎င်း O100EV ကို ၂၀၂၅ ခုနှစ်တွင် ပွဲထုတ်မည်။ တချိန်တည်းမှာပင် SUV အကြီးစား လျှပ်စစ်ကား ကုဒ်နံပါတ် SUV-F100EV ကိုလည်း ပွဲထုတ်မည်။

Source kedglobal 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 820 times