ဂျပန်ကားဈေးကွက်ထဲ  BYD ကြီးထွားရန် ရည်မှန်း


ဂျပန်ကားဈေးကွက်ထဲ  BYD ကြီးထွားရန် ရည်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဂျပန်နိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော Japan Mobility Show တွင် Nissan Leaf ထက် ၁၀% ဈေးသက်သာသည့် Dolphin အီးဗီကို BYD ပြသခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်သူ BYD အဖို့ ဂျပန်နိုင်ငံမှ ကားဈေးကွက်သည် နိုင်ငံရပ်ခြားဈေးကွက်များကို BYD ၏ ထိုးဖောက်နိုင်စွမ်းအတွက် မှတ်ကျောက်တင်မည့် ဈေးကွက်တခု ဖြစ်သည်။
ပြည်ပမှ တင်သွင်းသောကားများအတွက် အတော်မလွယ်သည့် ဂျပန်ကားဈေးကွက်ထဲ ခြေကုပ် အခိုင်အမာ ရရှိခြင်းသည် မဟာအောင်မြင်မှု ဖြစ်သည်။ 

ဂျပန်နိုင်ငံတွင် အောင်မြင်မှု ရယူရန် BYD  က သံန္နိဋ္ဌာန် ချထားကြောင်း  ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပြသခဲ့သည်။
 ထိုစဉ်က ဂျပန်နိုင်ငံ တဝှမ်းက ကားအရောင်းသမားများကို ဖိတ်ကြားပြီး တိုကျိုမှ ဟိုတယ်တွင် ကွန်ဖရင့် ကျင်းပခဲ့သည်။
ကြိုတင် အသိပေးထားခြင်း မရှိဘဲ ကွန်ဖရင့်သို့ BYD ထူထောင်သူ Wang Chuanfu တက်ရောက်ခဲ့ပြီး သူက ဂျပန်ဈေးကွက်အတွက် BYD ၏ မဟာဗျူဟာကို ရှင်းလင်းပြောကြားသည်။ 

ဝန်ထမ်းပေါင်း ၆ သိန်း ရှိသော ကုမ္ပဏီကို ဦးဆောင်သူ Wang သည် တရုတ်နိုင်ငံပြင်ပတွင် မိန့်ခွန်း ပြောကြားခဲလှပါသည်။ သို့ဖြစ်ရာ ကွန်ဖရင့်သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခြင်းသည် ဂျပန်ဈေးကွက်မှာ အောင်မြင်မှု ရယူရန် မည်မျှ အလေးထားသည်ကို ပေါ်လွင်စေသည်။
 
" Wang  က ဂျပန်အတွက် BYD ရဲ့ မဟာဗျူဟာကို တစ်နာရီကျော်ကြာအောင် စိတ်အားထက်သန်စွာ ပြောပြခဲ့ပါတယ်"ဟု ပွဲတက်သူ တဦးက ပြန်ပြောပြသည်။


BYD သည် ကားများ ပြည်ပတင်ပို့ရန် တိုးမြှင့်လုပ်ဆောင်နေပါသည်။ ဂျပန်နိုင်ငံ အိမ်စီးကားဈေးကွက်ကို အထူးတလည် အလေးထားသည်။

၂၀၂၃ ခုနှစ် ဇန်န၀ါရီလတွင် ဂျပန်ကားဈေးကွက်အတွင်းသို့ BYD စတင် ဝင်ရောက်ခဲ့သည်။
၂ နှစ်အကြာ ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှာ နှစ်စဉ် အီးဗီ အစီးရေ ၃ သောင်း  ရောင်းချရသည့် အဆင့်သို့ ရောက်ရှိရန်  ရည်မှန်းချက် ချမှတ်ထားသည်။ 
၂၀၂၅ ခုနှစ်တွင် ဂျပန်အရောင်းကွန်ရက်မှာ အရောင်းကိုယ်စားလှယ် ၁၀၀ အထိ ရှိရန်လည်း ရည်မှန်းထားသည်။ သို့ဖြစ်ရာ ပျမ်းမျှအားဖြင့် အရောင်းကိုယ်စားလှယ်တဦးသည် တနှစ်လျှင် ကားအစီးရေ ၃၀၀ ရောင်းချရမည် ဖြစ်သည်။ ၎င်းအရေအတွက်သည် မြင့်မားနေသည်။ ဂျပန်ကားလောကတွင် အရောင်းကိုယ်စားလှယ်တဦးသည် တနှစ်လျှင် ကားအစီးရေ ၂၀၀ ရောင်းချသည်ဆိုပါက ပျမ်းမျှရေချိန်အထက် အတော်မြင့်သည့် စံချိန် ဖြစ်သည်။ 

ဂျပန်နိုင်ငံသည် ကမ္ဘာ့စတုတ္ထအကြီးဆုံး ကားစျေးကွက်ဖြစ်သည်။ ဂျပန်ကားထုတ်လုပ်သူများ သည် စျေးကွက်ဝေစု ၉၀% အထက် ရရှိထားသည်။ ဟိုက်ဘရစ်ကားများနှင့် Kei ကီ မီနီကားများသည် ဝယ်လိုအား အားကောင်းနေသည်။
တရုတ်ကားအမှတ်တံဆိပ်များသည် လူသိနည်းသည်။ 
BYD သည် အရောင်းရည်မှန်းချက်ကို အကြီးအကျယ် တိုးမြှင့်ခဲ့သည်။


ဂျပန်နိုင်ငံသို့ BYD အပြည့်အ၀ ဝင်ရောက်မည်ဟု  မကြေညာမီတွင် ဖြန့်ဖြူးရေးလုပ်ငန်းခွဲ BYD Auto Japan ၏ဥက္ကဋ္ဌ Atsuki Tofukuji သည် Tesla ကဲ့သို့ မြေပြင် အရောင်းကိုယ်စားလှယ် မထားဘဲ အွန်လိုင်း ဒစ်ဂျစ်တယ်နည်းလမ်း သုံးစွဲကာ ဝယ်ယူများကို တိုက်ရုိက်ရောင်းချသည့် ပုံစံဖြင့် လုပ်ကိုင်သည့် အရောင်းအစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။

နှစ်စဉ် အရောင်း ရည်မှန်းချက်မှာ အကြမ်းဖျင်းအားဖြင့် Atto 3 SUV အစီးရေ ၃၀၀ ခန့်နှင့် Dolphin compacts ၅၀၀ ခန့်ကို ရောင်းချရန် ဖြစ်သည်။
ယခု ရည်မှန်းချက် တနှစ် အစီးရေ ၃ သောင်းနှင့် အတော်ကွာခြားသည်။ 
အရောင်းမဟာဗျူဟာကို အွန်လိုင်းအရောင်းမှ မြေပြင်အရောင်းသို့ ပြောင်းလဲလိုက်သည်။ အရောင်းကိုယ်စားလှယ် ကွန်ရက် ထူထောင်မည်။ ရောင်းအား ရည်မှန်းချက် တနှစ် အစီးရေ ၃ သောင်း သတ်မှတ်သည်။ 
 
Atsuki Tofukuji သည် ယခင်က Volkswagen Japan Sales အကြီးအကဲအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။ Volkswagen ကားများကို တင်သွင်း ရောင်းချသည်။  ယခုအခါ BYD ကားများကို တင်သွင်း ရောင်းချသည်။ 

Dolphin ကို ၂၀၂၃ စက်တင်ဘာလတွင် ယန်း ၃.၆၃ သန်း ($25,000) ဖြင့် အရောင်းစဖွင့်သည်။ ခရီးတာ ကီလိုမီတာ ၄၀၀ သွားနိုင်သည်။
အရွယ်တူ အီးဗီ Nissan Leaf ထက် ဈေးနှုန်း ၁၀% သက်သာပြီး ခရီးတာ ၂၀% ပိုရသည်။

ဂျပန်တွင် အီးဗီအတွက် စက်ပြင်ဆရာ မက္ကင်းနစ် ရှားပါးသည်။ BYD က တိုကျိုအခြေစိုက် ကားပစ္စည်း လုပ်ငန်း Meiji Sangyo နှင့် လက်တွဲပြီး အီးဗီ စက်ပြင်ဆရာသင်တန်း ပို့ချပေးသည်။ 

BYD သည် ဂျပန်နိုင်ငံတွင် မော်ဒယ်နှစ်မျိုးသာရောင်းချသည်။ ကားများကို အသက် ၂၀ ကျော် အရွယ်ရှိသူများကို ဦးတည်ချက်ထားပြီး ရောင်းချသည်။ 
ထို့ပြင် အသက် ၈၀ ကျော် ၊ ၉၀ မပြည့်သေးသည့်သူများကိုလည်း ရောင်းချသည်။ 
“အံ့ဩစရာကောင်းတာက Mercede စီ‌းနေတဲ့သူတွေ ဝယ်ကြတယ်" ဟု ကားအရောင်းသမား တစ်ဦးက ပြောကြားပါသည်။
 
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 171 times