တောင်ကိုရီးယားမှာ ၉ မီတာ လျှပ်စစ်ဘတ်စ် BYD ပထမဆုံးအကြိမ် စတင်အရောင်းဖွင့်


တောင်ကိုရီးယားမှာ ၉ မီတာ လျှပ်စစ်ဘတ်စ် BYD ပထမဆုံးအကြိမ် စတင်အရောင်းဖွင့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အလျား ၉ မီတာ ရှည်သည့် လျှပ်စစ်ဘတ်စ် မော်ဒယ် BYD eBus9 ကို တောင်ကိုရီးယားနိုင်ငံတွင် တရားဝင် စတင်ရောင်းချကြောင်း နိုဝင်ဘာလ ၃ ရက်တွင် BYD က အသိပေးကြေညာသည်။

 


မှာကြားထားသူထံ ဘတ်စ်ကား ပေးအပ်သည့် အခမ်းအနားကို တောင်ကိုရီးယားတွင် ကျင်းပခဲ့သည်။ 
တောင်ကိုရီးယားအတွက် BYD လုပ်ငန်းသုံး မော်တော်ယာဉ်များ တင်သွင်းသည့် တရားဝင် ကိုယ်စားလှယ်မှာ GS Global ဖြစ်ပါသည်။

 eBus9 မော်ဒယ်တွင် BYD မှ ထုတ်လုပ်သည့် blade LFP ဘက်ထရီ သုံးစွဲထားပါသည်။ ခရီးတာ ၄၇၄ ကီလိုမီတာအထိ သွားနိုင်ပါသည်။

ဘရိတ်စနစ်ကို ဂျာမန်ကုမ္ပဏီ WABCO ၏ အီလက်ထရွန်းနစ် ဘရိတ်စနစ် သုံးစွဲထားပါသည်။

eBus9 တွင် ဘက်ထရီကို ရေဖြင့် အအေးပေးသည့်စနစ် သုံးစွဲထားသည်။ 

 

ယခုနှစ်တွင် တောင်ကိုရီးယားမှာ BYD eBus9 ဘတ်စ်ကား အစီး ၁၂၀ ရောင်းချနိုင်ရန် ရည်မှန်းထားပါသည်။ 

လာမည့်နှစ်တွင် အလျား ၁၁ မီတာ ရှည်လျားသည့် လျှပ်စစ်စစ်စစ်ဘတ်စ်များ ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များထံမှ စစ်ဆေးအတည်ပြုပြီး ခွင့်ပြုမိန့်များ ရရှိရန် ဆောင်ရွက်ဆဲ ဖြစ်ပါသည်။

၂၀၂၃ စက်တင်ဘာလ လကုန်အထိ BYD သည် ကမ္ဘာတစ်လွှား လျှပ်စစ် စစ်စစ် ဘတ်စ် အစီးရေ ၇၈,၀၀၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံ ၇၀ မှ မြို့ ၄၀၀ ကျော်တွင် BYD လျှပ်စစ်ဘတ်စ်များ သုံးစွဲလျက်ရှိသည်။


Source: iTHome; BYD
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 3770 times