၂၀၂၃ ခုနှစ် BYD အရောင်းရဆုံး ကားမော်ဒယ် ၅ ခု


၂၀၂၃ ခုနှစ် BYD အရောင်းရဆုံး ကားမော်ဒယ် ၅ ခု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


 
တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association မှ ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်ပြည်တွင် BYD စွမ်းအင်သစ်သုံး ကားမော်ဒယ် ၅ ခုမှာ 
1. Qin Plus
2. Seagull
3. Song Plus NEV
4. Yuan Plus
5. Dolphin တို့ ဖြစ်ပါသည်။
ဖော်ပြထားသည့် ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်း တရားဝင်ဈေးနှုန်းများဖြစ်ပြီး အပြောင်းအလဲ ရှိမည် ဖြစ်ပါသည်။

 


1. Qin Plus
 Qin Plus သည် BYD ၏ အရောင်းရဆုံး bestseller မော်ဒယ် ဖြစ်ပါသည်။ 
ကားအငယ်စားကို ဘက်ထရီသုံး အီးဗီနှင့် ဟိုက်ဘရစ်အီးဗီ ဗားရှင်း နှစ်မျိုး ထုတ်လုပ်ပါသည်။ 
ဈေးနှုန်း ယွမ် ၉၉၈၀၀ မှ ၁၇၆၈၀၀ အထိ ($13,942 - $24,700)
ခရီးတာ 420 - 610 ကီလိုမီတာ (261 - 379 မိုင်)

 


2. Seagull
 Seagull သည် စျေးသက်သာသော hatchback အီးဗီ ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် နွေဦးတွင် စတင်ရောင်းချခဲ့သည်။ 
ဘက်ထရီသုံး အီးဗီ အမျိုးအစားကိုသာ ထုတ်လုပ်ပါသည်။ နီယွန်ဝါစိမ်းရောင်၊ မက်မွန်သီးရောင်၊ အဖြူ၊ အနက် အရောင် ၄ မျိုး ထုတ်လုပ်ပါသည်။
ဈေးနှုန်း ယွမ် ၇၃၈၀၀ မှ ၈၉၈၀၀ အထိ ($10,310 - $12,545)
ခရီးတာ 305 - 405 ကီလိုမီတာ (189 - 251 မိုင်)


.

3. Song Plus NEV
BYD bestsellers ကားမော်ဒယ်စာရင်းတွင် တတိယနေရာကို ရရှိပါသည်။ SUV အငယ်စား ဖြစ်ပြီး ဘက်ထရီသုံး အီးဗီနှင့် ဟိုက်ဘရစ်အီးဗီ ဗားရှင်း နှစ်မျိုး ထုတ်လုပ်ပါသည်။
ဈေးနှုန်း ယွမ် ၁၅၉၈၀၀ မှ ၂၀၉၈၀၀ အထိ ($22,325 - $29,310) 
ခရီးတာ 520 - 605 ကီလိုမီတာ (323 - 375 မိုင်)

 

 

4. Yuan Plus
BYD Yuan Plus သည် SUV အငယ်စားဖြစ်ပြီး ဘက်ထရီသုံး အီးဗီ အမျိုးအစားကိုသာ ထုတ်လုပ်ပါသည်။ ပြည်ပတွင် BYD Atto 3  အမည်ဖြင့် ရောင်းချပါသည်။ 
ဈေးနှုန်း ယွမ် ၁၃၅၈၀၀ မှ ၁၆၃၈၀၀ အထိ ($18,972 - $22,883) 
ခရီးတာ 430 - 510 ကီလိုမီတာ (267 - 316 မိုင်)

 

 


5. Dolphin
BYD Dolphin သည် အရွယ်အစား ငယ်သည့် လျှပ်စစ်ကား ဖြစ်ပါသည်။ ပြည်ပဈေးကွက်များသို့ Atto 3 ဖြင့် စတင်ဝင်ရောက်ပြီးနောက် ဒုတိယမြောက် အီးဗီမော်ဒယ်အဖြစ် Dolphin ကို မိတ်ဆက်ရောင်းချပါသည်။ 
ဈေးနှုန်း ယွမ် ၁၁၆၈၀၀ မှ ၁၃၉၈၀၀ အထိ ($16,317 - $19,530)
ခရီးတာ 430 - 510 ကီလိုမီတာ (267 - 316 မိုင်)
Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 390 times