ရန်သူအစစ်မှာ ဓာတ်ဆီအင်ဂျင်ဟု BYD ပြောကြား


ရန်သူအစစ်မှာ ဓာတ်ဆီအင်ဂျင်ဟု BYD ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ဝါရင် အက်ဒ်ဝဒ် ဘတ်ဖတ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Berkshire Hathaway Inc. က တရုတ်နိုင်ငံမှ BYD (Build Your Dream) ကားထုတ်လုပ်ရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာများ၏ ငါးပုံတစ်ပုံကို ၂၀၂၂ တွင် ရောင်းချခဲ့သည်။

BYD အမှုဆောင်ဒုဥက္ကဌ Stella Li က Buffett သည် ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးအမြတ် ပြန်လည်ရယူခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

 

BYD အမှုဆောင်ဒုဥက္ကဌ Stella Li


Berkshire Hathaway သည် BYD တွင် ရှယ်ယာများ ကန်ဒေါ်လာ သန်း ၂၃၀ ဖိုး ဝယ်ယူခဲ့သည်။ ယခုအခါ ရှယ်ယာဈေးနှုန်းသည် ၁,၅၇၀% မြင့်တက်နေပြီဖြစ်သည်။ ရှယ်ယာ ငါးပုံတစ်ပုံ ရောင်းချပြီးသည့်နောက် BYD တွင် ကျန်ရှိသည့် ရှယ်ယာများ၏ စုစုပေါင်းတန်ဖိုးသည် ကာလပေါက်ဈေးအရ ကန်ဒေါ်လာ ၄.၅ ဘီလီယံခန့် ရှိသည်။
"သူက BYD ကို စွန့်ပယ်တာ မဟုတ်ပါဘူး။ အကျိုးအမြတ် ထုတ်ယူလိုက်တာပါ။ သူက BYD ကို နှစ်သက်နေဆဲပါ။ BYD စီမံဆောင်ရွက်ပုံကို နှစ်သက်နေဆဲပါ" ဟု Li က ပြောကြားသည်။

ယခုအခါ တရုတ်နိုင်ငံ လျှပ်စစ်ကား ထုတ်လုပ်ရေးကဏ္ဍတွင် BYD နှင့် Tesla တို့သည် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။ ယခင်က Tesla က ဦးဆောင်နေခဲ့ပြီး ယခုအခါ BYD က Tesla ကုိ ရောင်းအားစီးရေအရ အသာရနေသည်။
၂၀၂၂ နိုဝင်ဘာလတွင် လျှပ်စစ်ကားစစ်စစ် ရောင်းအား BYD က ၁၁၃,၉၁၅ စီး ရောင်းချခဲ့ပြီး Tesla က ၁၀၀,၂၉၁ စီး ရောင်းချခဲ့သည်။

 

Stella Li က သူမအနေဖြင့် Tesla ကို BYD ၏ တိုက်ရိုက်ပြိုင်ဘက်အဖြစ် မရှုမြင်ကြောင်း ပြောကြားခဲ့သည်။
"ကျွန်မတို့ ယှဉ်ပြိုင်နေရတာက ကျွန်မတို့ရဲ့ ရန်သူ ဖြစ်နေနိုင်တဲ့ အင်ဂျင်ကားတွေပါ" ဟု သူမက ပြောကြားသည်။
BYD က ဥရောပတွင် ကားစက်ရုံ ထားရှိမည် ဖြစ်ကြောင်း၊ ကားစက်ရုံ တစ်ရုံတည်း မဟုတ်ဘဲ နှစ်ရုံ ထားရှိမည်ဖြစ်ကြောင်း Li က ပြောကြားသည်။ 
BYD မှာ ကုမ္ပဏီပိုင် ကားသင်္ဘောများ ထားရှိမည်ဆိုသည့်သတင်းသည် ဟုတ်မှန်ကြောင်း သူမက အတည်ပြုသည်။
"BYD ရဲ့ အရွယ်အစားအရ ဘယ်သင်္ဘောလိုင်းပဲဖြစ်ဖြစ် သူတို့ရဲ့ ဝန်ဆောင်မှုက ကျွန်မတို့ရဲ့ လိုအပ်ချက်ကို ရာနှုန်းပြည့် တကယ်တမ်းမှာ မဖြည့်ဆည်းပေးနိုင်ဘူး။ ကျွန်မတို့ကို ၁၀၀% ကျေနပ်မှုရအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး" ဟု  Li က ပြောကြားပါသည်။ 
Source teslarati 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 622 times