လေခွင်းအား အကောင်းဆုံး အီးဗီ BYD ထုတ်လုပ်မည်


လေခွင်းအား အကောင်းဆုံး အီးဗီ BYD ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

လေခွင်းအား အကောင်းဆုံး အီးဗီ ဖြစ်လာမည့် လျှပ်စစ်ကား ဆီဒင်မော်ဒယ်အသစ်ကို BYD ထုတ်လုပ်တော့မည် ဖြစ်ပါသည်။

ရှေ့သို့ မောင်းနှင်စဉ် လေကို ခွင်းရာ၌ ကိုယ်ထည် ပုံပန်းသဏ္ဌာန် ချောမွေ့ပြေပြစ်ခြင်း ရှိမရှိအပေါ် မူတည်ပြီး လေခုခံအား သက်ရောက်မှုရလဒ် အနည်းအများ ဖြစ်ပေါ်ပါသည်။ ၎င်းအားသက်ရောက်မှုသည် ယာဉ်ကို ကားကို နှေးအောင် ဒရွတ်ဆွဲထားသည့်နှယ် ဖြစ်ပေါ်နေစေပြီး ၎င်းပမာဏကို တရွတ်ဆွဲ မြှောက်ဖော်ကိန်း drag coefficient ဖြင့် ပြောဆိုကြသည်။ တရွတ်ဆွဲ မြှောက်ဖော်ကိန်း ငယ်လေ လေခွင်းအား ကောင်းလေ ဖြစ်ပါသည်။ 
လက်ရှိ ထုတ်လုပ်နေသော အီးဗီများတွင် Lucid Air သည် တရွတ်ဆွဲ မြှောက်ဖော်ကိန်း ၀.၂၁ ရှိပါသည်။ Tesla Model S Plaid သည် ၀.၂၀၈ ရှိပါသည်။

BYD မှ ထုတ်လုပ်တော့မည့် လျှပ်စစ်ကား ဆီဒင်မော်ဒယ်အသစ် U6 သည် ၀.၁၉၅ ရှိမည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ U6 သည်လေခွင်းအား အကောင်းဆုံး အီးဗီ ဖြစ်လာမည် ဖြစ်ပါသည်။

တရွတ်ဆွဲ Drag သည် လေထဲတွင် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုအပေါ် လေ၏ ခုခံမှုပမာဏကို ရည်ညွှန်းပါသည်။ တရွတ်ဆွဲခြင်း ပမာဏ နည်းလျှင် ယာဉ်သည် ရှေ့သို့ ရွေ့ဖို့ ပိုလွယ်သွားသည်။ ဓာတ်ဆီအင်ဂျင်ကား ဆိုပါက ဆီစား သက်သာစေသည်။ အီးဗီဆိုပါကလည်း ဘက်ထရီ အစားသက်သာစေပါသည်။ 
ဥပမာအားဖြင့် Tesla Model 3 သည် တရွတ်ဆွဲ မြှောက်ဖော်ကိန်း ၀.၃၂ မှ ၀.၂၄ သို့ လျှော့ချလျှင် ခရီးတာ မိုင် ၅၀ ပိုသွားနိုင်မည် ဖြစ်ပါသည်။

Source auto yahoo
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 582 times