ဥရောပသို့ BYD Dolphin ပထမဆုံးအသုတ် ပေးပို့


ဥရောပသို့ BYD Dolphin ပထမဆုံးအသုတ် ပေးပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဇူလိုင်လဆန်းတွင် ဥရောပသို့ BYD Dolphin ပထမဆုံးအသုတ် ပေးပို့ရန် သင်္ဘောတင်ခဲ့ပါသည်။ BYD Dolphin အရောင်အမျိုးမျိုး၊ ဗားရှင်းအမျိုးမျိုး စုစုပေါင်း ၁၅၂ စီး ပေးပို့ပါသည်။

BYD Dolphin များ တင်ထားသည့် ကားပို့ဆောင်ရေးယာဉ်တစီး၏ ဓာတ်ပုံ တစ်ပုံ တရုတ်ပြည် အွန်လိုင်းတွင် တင်ပြခဲ့ပါသည်။
ထရပ်ကားဘေးဘက် နဖူးစည်းစာတန်းတွင် “BYD抚州工厂携手中远海运新车型出口首发启运” ဟု ဖော်ပြထားပါသည်။
"BYD Fuzhou စက်ရုံသည် မော်ဒယ်အသစ်များကို ပထမဆုံးတင်ပို့ရန်အတွက် COSCO နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။"ဟု ဆိုလိုပါသည်။
COSCO သည် Chinese Ocean Shipping Group ကို ဆိုလိုပါသည်။ 
အဆိုပါ BYD Dolphin များကို ရှန်ကျန်းမြို့ ယန်တီယံ ဆိပ်ကမ်းမှာ သင်္ဘောတင်ပါသည်။
 Shenzhen သည် ဟောင်ကောင်နှင့် အလွန်နီးကပ်သော တရုတ်တောင်ပိုင်းမြို့ဖြစ်သည်။ BYD Fuzhou စက်ရုံမှ ကားလမ်းခရီး ၈၃၀ ကီလိုမီတာ ဝေးပါသည်။ 
 
BYD Dolphin ကို တရုတ်ပြည်တွင်းနှင့် ဥရောပ ၂ မျိုး ထုတ်လုပ်သည်။ ဥရောပအမျိုးအစားသည် အရွယ်အစား ပိုကြီးပါသည်။ ကိုယ်ထည်ဒီဇိုင်း အနည်းငယ် ပြောင်းလဲထားပါသည်။
ဥရောပ Dolphin အရွယ်အစားမှာ
အလျား 4290 mm
အကျယ် 1770 mm
အမြင့် 1570 mm
ခါးအလျား 2700 mm
ဖြစ်ပါသည်။
BYD မှ ထုတ်လုပ်သည့် 60-kWh LFP ဘက်ထရီ သုံးစွဲပါသည်။ 150-kW (204 hp) မော်တာ ၂ လုံး ပါသည်။ 
ဥရောပ Dolphin ရောင်းဈေးမှာ ယူရို ၂၉,၉၉၀ (32,520 USD) ဖြစ်ပါသည်။
တရုတ်ပြည်တွင်း Dolphin ရောင်းဈေးမှာ ယွမ် ၁၁၀,၀၀၀ (15,150 USD) ဖြစ်ပါသည်။ 
Source: Weibo
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 206 times