၂ လိုင်းအပြိုင် အားသွင်းနိုင်တဲ့ BYD ပရီမီယံ မော်ဒယ်  Denza N7


၂ လိုင်းအပြိုင် အားသွင်းနိုင်တဲ့ BYD ပရီမီယံ မော်ဒယ်  Denza N7

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Denza N7 သည် BYD ၏ ပရီမီယံအမှတ်တံဆိပ် Denza အတွက် နောက်ထပ် ထပ်တိုးသည့် မော်ဒယ် ဖြစ်သည်။ ပရီမီယံ crossover လျှပ်စစ်ကား အဖြစ်ဖြင့် ထုတ်လုပ်ထားသည်။


Denza စတင်တည်ထောင်စဉ်တွင် Mercedes နှင့် BYD တို့  50/50 ဆတူ ပါဝင်ခဲ့ကြပြီး ယခုအခါ Mercedes က ၁၀% ၊ BYD က ၉၀% ပိုင်ဆိုင်သည်။

တရုတ်ပြည်တွင်းဈေးကွက်တွင်  Denza N7 ဈေးနှုန်းသည် ဗားရှင်း အမျိုးမျိုး အပေါ် မူတည်ပြီး ကွဲပြားသည်။
မော်တာတစ်လုံး နောက်ဘီးယက် မူကွဲကို $42,000 - $44,500 ဖြင့် ဈေးဖွင့်ထားသည်။
မော်တာနှစ်လုံး ၄ ဘီးယက် မူကွဲကို $45,000 - $53,000 ဖြင့် ဈေးဖွင့်ထားသည်။

Denza သည် အမှတ်တံဆိပ် ထူထောင်နေဆဲကာလတွင်သာ ရှိနေသေးသည်။ တရုတ်ပြည်တွင်းမှာ အခြေခိုင်ဖို့ ဦးတည်ချက် ထားရှိသဖြင့် ပြည်ပသို့ တင်ပို့ခြင်း မပြုသေးပါ။

 Denza N7 ကို  BYD ၏ e-platform 3.0 ကို မွမ်းမံထားသည့် ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားသည်။ 91.3kWh LFP Blade ဘက်ထရီထုပ် သုံးထားသည်။ နောက်ဘီးယက်ဗားရှင်းသည် ခရီးတာ ၇၀၂ ကီလိုမီတာအထိ သွားနိုင်သည်။ ၄ ဘီးယက်သည် ၆၃၀ ကီလိုမီတာအထိ သွားနိုင်သည်။
 
ဘက်ထရီ အပူမတက်အောင် အအေးပေးစနစ်နှင့် စီမံစနစ် ပါသည်။ 

Denza N7 ၏ ထူးခြားချက်မှာ DC အမြန်အားသွင်းစနစ် ဖြစ်သည်။ အီးဗီ ထုတ်လုပ်သူတို့သည် အားသွင်းနှုန်း၊ အားသွင်းသည့် ကြာချိန်တို့ကို အလေးပေး ပြောဆိုပြီး အီးဗီမော်ဒယ်ကို ပွဲထုတ်ကြသည်။ 

 

Denza N7 မှာ DC အမြန်အားသွင်းပေါက် ၂ ခု တပ်ဆင်ထားသည်။
တစ်ပေါက်တည်းသာ သုံးစွဲပြီး အားသွင်းမည် ဆိုလျှင် 150kW ဖြင့် အားသွင်းနိုင်သည်။
နှစ်ပေါက် အပြိုင်အားသွင်းမည်ဆိုလျှင် 230kW အထိ လက်ခံရယူပေးနိုင်သည်။
နှစ်ပေါက် အပြိုင်အားသွင်းမည် ဆိုပါက ခရီးတာ ၃၅၀ ကီလိုမီတာအတွက် ၁၅ မိနစ် ကြာသည်။ ကီလိုမီတာ ၁၀၀ အတွက်ဆိုလျှင် ၄ မိနစ်သာ ကြာသည်။

 

Source carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 667 times