စင်ကာပူ အီးဗီရောင်းအား BYD သရဖူဆောင်း


စင်ကာပူ အီးဗီရောင်းအား BYD သရဖူဆောင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

စင်ကာပူတွင် လျှပ်စစ်ကားများ ကနဦး မှတ်ပုံတင်သည့် အရေအတွက်သည်  ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၅၀.၅% မြင့်တက်ခဲ့သည်။

လျှပ်စစ်ကား ဝယ်လိုအား အရှိန်ဆက်တက်နေဦးမည်ဟု ခန့်မှန်းထားကြသည်။ 

ကုန်လမ်းပို့ဆောင်ရေး အာဏာပိုင် Land Transport Authority (LTA) မှ ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် အီးဗီ ၃,၆၃၄ စီး ကနဦး မှတ်ပုံတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၅,၄၆၈ စီး ကနဦး မှတ်ပုံတင်ခဲ့သည်။ 

 

၂၀၂၃ ခုနှစ်အတွင်း ကနဦး မှတ်ပုံတင်ခဲ့သည့် ကားအစီးရေ စုစုပေါင်း ၃၀,၂၂၅ စီး၏ ၁၈.၁% သည် အီးဗီများ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ၁၁.၇% ရှိခဲ့ပါသည်။ 

 

အီးဗီ အများဆုံးရောင်းချခဲ့သည့် ကားကုမ္ပဏီများ ထိပ်တန်း (၅) စာရင်းတွင်

•  BYD က ၁,၄၁၆ စီး ရောင်းချပြီး သရဖူ ဆောင်းခဲ့ပါသည်။ ဈေးကွက်ဝေစု ၂၆% နီးပါး ရရှိခဲ့ပါသည်။ 

.

• တက်စလာက ၉၂၅ စီး ရောင်းချခဲ့ပြီး ဒုတိယနေရာ ရရှိခဲ့သည်။ ဈေးကွက်ဝေစု ၁၇% ကျော် ရရှိခဲ့ပါသည်။

.

• တတိယနေရာကို BMW ရရှိခဲ့ပြီး ၇၈၉ စီးရောင်းချခဲ့ပါသည်။ ဈေးကွက်ဝေစု ၁၄% ကျော် ရရှိခဲ့ပါသည်။

.

• ဟွန်ဒိုင်းသည် ၆၉၄ စီး ရောင်းချခဲ့ပြီး စတုတ္ထနေရာ ရရှိခဲ့သည်။ ဈေးကွက်ဝေစု ၁၃%နီးပါး ရရှိခဲ့ပါသည်။

.

• မားစီးဒီးဘင့်ဇ်သည် ပဉ္စမနေရာကို ရရှိပါသည်။ ၅၃၇ စီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၁၀%နီးပါး ရရှိခဲ့ပါသည်။

 

 

 

Source BT


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 466 times