ဒေါ်လာများ ဆောင်ကြဉ်းပေးသည့် BYD


ဒေါ်လာများ ဆောင်ကြဉ်းပေးသည့် BYD

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်း အမည်သည် "သင့်အိပ်မက်များ တည်ဆောက်" "Build Your Dreams"ကို အတိုကောက် BYD ဟု သုံးနှုန်းထားခြင်း ဖြစ်သည်။
BYD ၏ စိတ်အားထက်သန်သူ သူဌေး Wang Chuanfu က BYD မှာ "သင့်ထံ ဒေါ်လာများ ယူဆောင်လာ" "Bring You Dollars" ဟု တစ်ချိန်က အရွှန်းဖောက်ပြီး ပြောခဲ့ဖူးသည်။

ဟောင်ကောင် တစ်ဖက်ကမ်း တရုတ်ပြည်မတွင် တည်ရှိသည့် ရှန်ကျန်းမြို့တွင် အခြေစိုက်ထားသော BYD သည် ၂၀၂၂ တွင် အီးဗီဈေးကွက် ထိပ်ဆုံးမှာ ရှိနေသည့် Tesla ထက် ရောင်းအားစီးရေ ပိုများခဲ့သည်။
၂၀၂၂ တွင် ရရှိသော ဝင်ငွေသည် ၂၀၂၁ ထက် 1,000% ကျော်သည်အထိ ပိုများမည်ဟု ခန့်မှန်းထားသည်။
ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၁၀၈ ဘီလီယံ ရှိသည့် BYD သည် ပြီးခဲ့သောနှစ်တွင်  လျှပ်စစ်စစ်စစ်နှင့် ဟိုက်ဘရစ်ကားများ ထုတ်လုပ်မှုနှင့် ရောင်းအား နှစ်မျိုးစလုံး သုံးဆတိုးကာ ကားအစီးရေ ၂ သန်းနီးပါးအထိ ရောက်ရှိခဲ့သည်။
၎င်းစီးရေပမာဏသည် တရုတ်ပြည်တွင်း အီးဗီဈေးကွက် ၂၀၂၂ သုံးလပတ်တစ်ခုစာ အီးဗီများအားလုံး ရောင်းချစီးရေနှင့် အကြမ်းအားဖြင့် ညီမျှသည်။ 

သို့သော် ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာနေသည်။ ထုတ်လုပ်နိုင်သည့် ကားစီးရေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေသည်ကို ဝယ်လိုအားက အမီလိုက်ပြီး မြင့်တက်နိုင်ဖို့ မသေချာသဖြင့် ဈေးကွက်ထဲမှာ အီးဗီများ ပိုလျှံသွားမည့် အလားအလာ ရှိနေသည်။
၂၀၂၅ သို့ ရောက်ရှိလျှင် စီးရေ ၆ သန်းခွဲအထိ ထပ်တိုးမည်ဟု သုတေသနလုပ်ငန်း Bernstein က ဆိုသည်။ ကားအများစုသည် ဘက်ထရီသုံး လျှပ်စစ်ကားများ ဖြစ်မည်ဟု ဆိုသည်။
၂၀၂၅ တွင် ထုတ်လုပ်နိုင်သည့် စီးရေသည် ရောင်းချနိုင်သည့် စီးရေထက် ပိုလျှံနေသဖြင့် စွမ်းအားပြည့် ထုတ်လုပ်ခြင်း မပြုဘဲ လျှော့ထုတ်ကြရမည်။ ၅၀% အထိ လျှော့ချရဖွယ်ရှိသည်။

ကားဝယ်ဖို့ ငွေသုံးစွဲမှု တရုတ်ပြည်တွင်း ကားဈေးကွက်မှာ သိသိသာသာ လျော့ကျနေသည်။
လျှပ်စစ်ကားများရောင်းချမှုသည် ဇန်နဝါရီတွင် ယခင်နှစ် ဇန်နဝါရီလထက် ၆.၃% ကျဆင်းခဲ့သည်ဟု တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association က ပြောကြားခဲ့သည်။

ဘက်ထရီစစ်စစ် လျှပ်စစ်ကားများနှင့် plug-in hybrid များ ပါဝင်သော တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ကား အသစ်များ ရောင်းချမှုသည် ၂၀၂၃ ခုနှစ်တွင် ၉၀% ကြီးထွားပြီးနောက် ဇန်နဝါရီတွင် ၆.၃% ကျဆင်းသွားကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်းက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
လျှပ်စစ်ကားများနှင့် စက်သုံးဆီ အင်ဂျင်သုံး ကားများ အပါအဝင် အိမ်စီးကား ရောင်းချမှုမှာ ဇန်နဝါရီလတွင် ၃၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ၎င်း အသင်းက ပြောကြားခဲ့ပါသည်။

BYD ၏ အားသာချက်မှာ အီးဗီဘက်ထရီများ ထုတ်လုပ်ခြင်းဖြစ်သည်။ ၂၀၂၂ တရုတ်ပြည်တွင်းမှာ BYD ၏ ဘက်ထရီ ရောင်းအားသည် ဈေးကွက်တစ်ခုလုံး အီးဗီဘက်ထရီ ရောင်းအား၏ လေးပုံတစ်ပုံနီးပါးရှိသည်။
BYD ၏ ဘက်ထရီနည်းပညာသည် ကုန်ကျစရိတ် သက်သာသည်။ 

BYD မှ ထုတ်လုပ်သည့်  “Blade” ဘက်ထရီသည် ကမ္ဘာ့ အကြီးဆုံး အီးဗီဘက်ထရီလုပ်ငန်း CATL (Contemporary Amperex Technology Co Ltd)  ၏ ဘက်ထရီထက် ကုန်ကျစရိတ် သက်သာသည်။ 
BYD က ချစ်ပ်လည်း ထုတ်လုပ်သည်။ 
ယခုအခါ BYD သည် ပြည်ပဈေးကွက်များ ချဲ့ထွင်နေသည်။ အောင်မြင်မှုများလည်း ရရှိနေသည်။ 

 ထို့ကြောင့် BYD သည် အိပ်မက်များ ဆက်လက်တည်ဆောက်ရင်း ဒေါ်လာများ ဆောင်ကြဉ်းပေးနေဦးမည် ဖြစ်သည်။


စာရင်းအတိအကျ ထုတ်ပြန်ခြင်း မပြုသေးသော်လည်း  ၂၀၂၂ ခုနှစ်အတွက် အသားတင်အမြတ်ငွေ ယွမ် ၁၆.၃ ဘီလီယံ (ကန်ဒေါ်လာ ၂.၄ ဘီလီယံ) အထိ ရှိနိုင်သည်ဟု BYD က ဇန်နဝါရီ ၃၀ တွင် ဟောင်ကောင်စတော့အိတ်ချိန်းသို့ တင်သွင်းသည့် အမြတ်အသိပေးချက်တွင် ဖော်ပြထားပါသည်။ သို့ဖြစ်ရာ ၂၀၂၁ ခုနှစ်ထက် ၁,၁၉၉% တိုးပါသည်။
 
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 2109 times