ကားအရောင်းကိုယ်စားလှယ်များအတွက် ဆုကြေး ယွမ်နှစ်ဘီလီယံ BYD လျာထား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
BYD သည် တရုတ်ပြည်တွင် ရောင်းအား တိုးမြှင့်ရန်အတွက် အရောင်းကိုယ်စားလှယ်များမှ တဆင့် အရောင်းကွန်ရက် လျင်မြန်စွာ တိုးချဲ့လျက်ရှိသည်။ အထူးသဖြင့် မြို့ငယ်များသို့ လက်တံများ ဆန့်ထုတ်နေသည်။
BYD သည် ဘက်ထရီသုံး လျှပ်စစ်ကားများ ကမ္ဘာတစ်ဝှမ်း ရောင်းချရာတွင် စတုတ္ထသုံးလပတ်တွင် ပထမဆုံးအကြိမ် Tesla ထက် ပိုများခဲ့သည်။
သို့ဖြစ်ရာ တရုတ်ပြည်မှ အရောင်းကိုယ်စားလှယ်များကို ဆုကြေးပေးရန် စုစုပေါင်း ယွမ် ၂ ဘီလီယံ လျာထားပါသည်။
BYD က "အံ့ဩဖွယ်" "အလန်းစား" ဟု သံတူကြောင်းကွဲ အဓိပ္ပာယ်များ ရှိသည့် ကိန်းဂဏန်း ၆၆၆ အရ ဆုကြေး သတ်မှတ်ပါသည်။
အရောင်းလျာထားချက် ပြည့်မီသည့် အရောင်းကိုယ်စားလှယ်တိုင်းသည် ၆၆၆ ယွမ်ကို ဆုကြေးအဖြစ် ရရှိမည် ဖြစ်သည်။ ဆုကြေးကို ဇန်နဝါရီလ ၂ ရက်တွင် စတင်ပေးဝေကြောင်း တရုတ်မီဒီယာ Yicai က သတင်းဖော်ပြပါသည်။
B^D သည် တရုတ်နိုင်ငံတလွှားတွင် အရောင်းပြခန်း ၃,၄၀၀ ကျော် ရှိပါသည်။
Source BT
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL