ထိုင်းအီးဗီဈေးကွက် BYD ကြီးစိုး


ထိုင်းအီးဗီဈေးကွက် BYD ကြီးစိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံမှ Siam Motors သည် Nissan Motors နှင့် ၁၉၆၂ ခုနှစ်တွင် ပူးပေါင်းပြီး တစ်ရက်လျှင် ကားလေးစီးထုတ်သည့် စက်ရုံတစ်ခုဖြင့် ကားများ ထုတ်လုပ်သည်။ ကားရောင်းချသူမှအဖြစ်မှ  မော်တော်ယာဉ် ထုတ်လုပ်သူ ဖြစ်လာသည်။ ဂျပန်ကုမ္ပဏီများ ကာလရှည်ကြာ လက်တွဲ လုပ်ကိုင်ခဲ့ပြီး အမြတ်အစွန်းများ ရရှိခဲ့သည်။

မိသားစုပိုင်လုပ်ငန်း Siam Motors သည် အောက်မြင်မှုများ ရရှိသဖြင့် တစ်နှစ် ဝင်ငွေ ကန်ဒေါ်လာ ၇ ဘီလီယံ ရရှိသည့်အဆင့်သို့ ရောက်ရှိနေသည်။ ယခုအခါ စီးပွားအခွင့်အလမ်းသစ်များကို အရယူဖို့ ကြိုးပမ်းနေသည်။

 Siam Motors သည် စီးပွားဖက်အဖြစ် လုပ်ကိုင်ရန် အလားအလာရှိသော  တရုတ်ကားထုတ်လုပ်သူများနှင့် ဆွေးနွေးနေသည်။ အထူးသဖြင့် အီးဗီအမြင့်တန်းကို လုပ်ကိုင်လိုသည်ဟု Siam Motors ၏ ဒုဥက္ကဋ္ဌ Sebastien Dupuy က ပြောကြားသည်။ 
“အီးဗီအတွက် ကြီးထွားလာတဲ့ စျေးကွက်တစ်ခုရှိနေတယ်။ အဲဒီ ကြီးထွားနေတာကို အရယူချင်တယ်" ဟု ၎င်းက ပြောကြားသည်။
.
BYD နှင့် Great Wall Motor တို့ အပါအဝင် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ထိုင်းနိုင်ငံတွင် တရုတ်ကားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများသည် ကန်ဒေါ်လာ ၁.၄၄ ဘီလီယံ ရှိနေပြီ ဖြစ်သည်။
ထိုင်းကားဈေးကွက်ကို ဂျပန်ကားလုပ်ငန်းများက ကြာမြင့်စွာကတည်းက ကြီးစိုးထားသေည်လည်း ကဏ္ဍသစ်ဖြစ်သော အီးဗီတွင် တရုတ်ကားလုပ်ငန်းတို့က ကြီးစိုးထားသည်။
.
ဂျပန်ကားလုပ်ငန်းများသည် တရုတ်ဈေးကွက်တွင် တရုတ်ကားလုပ်ငန်းများက ဦးဆောင်သူ နေရာယူထားသည်ကို ရင်ဆိုင်နေရစဉ် အာရှ၏ နောက်ထပ်အရေးပါသော ထိုင်းဈေးကွက်တွင်လည်း အီးဗီကဏ္ဍမှာ နောက်ကျကျန်ရစ်သည်။
.
တရုတ်ကားလုပ်ငန်းများ၏ လှိုင်းလုံးကြီးသည် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းကို ပုံအသစ် ဖော်နေပြီဖြစ်သည်။ ထိုင်းအီးဗီဈေးကွက်မှာ ဦးဆောင်နေသည်။

အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည်  အကြီးဆုံး မော်တော်ကားထုတ်လုပ် တင်ပို့ရောင်းချသူဖြစ်သည်။ အင်ဒိုနီးရှားသည် အကြီးဆုံး ကားဈေးကွက်ဖြစ်ပြီး ထိုင်းသည် ဒုတိယအကြီးဆုံး ဖြစ်သည်။ ထိုင်းဈေးကွက်ကို နှစ်ကာလရှည်ကြာ ဂျပန်ကားလုပ်ငန်းများက ကြီးစိုးထားခဲ့ကြသည်။
.
ယမန်နှစ် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ကြည့်လျှင် တရုတ်က ဂျပန်ထက် ပိုများသည်။ BYD က ၂၀၂၄ တွင် ကားထုတ်လုပ်ရန် စက်ရုံ အသစ်တရုံ ရင်းနှီးမြှုပ်နှံခဲ့သည်။
တရုတ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံကို ပင်လယ်ရပ်ခြား အီးဗီထုတ်လုပ်မှု အချက်အချာ တစ်ခုအဖြစ် အသုံးပြုပြီး ထိုင်းမှာ ထုတ်လုပ်သည့် ကားများကို ပြည်ပဈေးကွက်များသို့ တင်ပို့ရန် ရည်ရွယ်ထားသည်။
.
ထိုင်းဈေးကွက်တွင် အီးဗီရောင်းအားမှာ နည်းနေသေးသည်။ ထိုင်းနိုင်ငံတွင် ယမန်နှစ်က မှတ်ပုံတင်ထားသော ကားအသစ် ၈၅၀,၀၀၀ နီးပါးတွင် ၁ ရာခိုင်နှုန်းခန့်သာ အီးဗီများဖြစ်ကြသည်။ 
.
BYD သည် ယခုအခါ ထိုင်းကားစျေးကွက် ဦးဆောင်သူဖြစ်ပြီး တရုတ်၏ SAIC နှင့် Hozon နှင့် အမေရိကန် ကားထုတ်လုပ်သူ Tesla တို့က နောက်မှာ ရှိနေသည်။
.

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 295 times