မီးဘေးအန္တရာယ် စိတ်အေးရသည့် ဘက်ထရီများ မော်တော်ဆိုင်ကယ်အတွက် BYD ထုတ်လုပ်မည်


မီးဘေးအန္တရာယ် စိတ်အေးရသည့် ဘက်ထရီများ မော်တော်ဆိုင်ကယ်အတွက် BYD ထုတ်လုပ်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

BYD သည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စျေးကွက်ဝေစု ၁၅.၈% ဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံး အီးဗီ ဘက်ထရီ ထုတ်လုပ်သူဖြစ်သည်။

 

ဘက်ထရီများကို လျှပ်စစ်ကားများနှင့် လုပ်ငန်းသုံးအဖြစ် အသုံးပြုကြသည်။  လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စကူတာနှင့် အခြား နှစ်ဘီးတပ် ယာဉ်များအတွက် ထုတ်လုပ်ခြင်း မရှိချေ။ 

ယခုအခါ BYD က နှစ်ဘီးတပ် ယာဉ်များအတွက် ဘက်ထရီ ထုတ်လုပ်ရန် သုတေသနနှင့် ဖွံ့ဖြိုးရေး တိုးမြှင့်မည်ဟု ကြေညာသည်။

 

BYD  ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ဘက်ထရီလုပ်ငန်းခွဲ FinDreams သည် နှစ်ဘီးတပ်ယာဉ်များအတွက် မီးဘေးအန္တရာယ် စိတ်အေးရသည့် ယုံကြည်စိတ်ချရသော ဘက်ထရီများကို ထုတ်လုပ်မည်ဖြစ်ကြောင်း ၎င်း၏ WeChat တွင် ကြေညာ‌သည်။

 

FinDreams သည် အဆောက်အဦအတွင်း ထားရှိရန် အာမခံချက် ပေးနိုင်သည့် ဘက်ထရီကို ထုတ်လုပ်ရန် အခြားကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

"ကျွန်ုပ်တို့၏ မစ်ရှင်မှာ လူများကို စိတ်ပူစရာ မလိုဘဲ ဘက်ထရီသုံးနိုင်စေရန်ဖြစ်သည်"ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဖေဖော်ဝါရီ ၂၃ ရက်က နန်ကင်းမြို့ရှိ ယုဟွာတိုင်ခရိုင်ရှိ လူနေအဆောက်အအုံတစ်ခု မီးလောင်မှုအတွင်း လူ ၁၅ ဦး သေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် FinDreams ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

နှစ်ဘီးတပ်ယာဉ်များ ရပ်ထားသည့်နေရာများတွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။ အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သော်လည်း e-scooters ဘေးကင်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံတွင် ပွဲဆူသွားခဲ့သည်။ 

မြို့ကြီး အတော်များများတွင် လျှပ်စစ် နှစ်ဘီးတပ်ယာဉ်များကို အဆောက်အဦအတွင်း ရပ်နားထားခြင်း မပြုရန် အမိန့်စာများ ထုတ်ပြန်ခဲ့ကြသည်အထိ ဂယက်ထသွားခဲ့သည်။ 

 

အမျိုးသား မီးသတ်နှင့် ကယ်ဆယ်ရေးဗျူရိုမှ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ လျှပ်စစ်နှစ်ဘီးတပ်ယာဉ် မီးလောင်မှုပေါင်း ၂၁,၀၀၀ ရှိခဲ့သည်။

 

Source carnewschina 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 159 times