ဩစတေးလျအီးဗီဈေးကွက်မှာ BYD Atto 3 လျှပ်စစ် SUV အရောင်းရဆုံး အီးဗီ ဖြစ်လာ


ဩစတေးလျဈေးကွက်မှာ BYD Atto 3 လျှပ်စစ် SUV အရောင်းရဆုံး အီးဗီ ဖြစ်လာ

ဩစတေးလျ ဈေးကွက်မှာ တရုတ်နိုင်ငံမှ  BYD ရဲ့ Atto 3 လျှပ်စစ် SUV စီးရေ ၃,၀၀၀ ကျော် ရောင်းချရပြီး ဩစတေးလျ အရောင်းရဆုံး အီးဗီ ဖြစ်လာပါတယ်။

BYD Atto 3 လျှပ်စစ် SUV ကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး EVDirect.com က ဩစတေးလျ နိုင်ငံသို့ တင်သွင်းပါတယ်။

လောလောဆယ် အွန်လိုင်းမှာ ရောင်းချပေးပြီး များမကြာခင်မှာ အရောင်းပြခန်း ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။

ဩစတေးလျ အီးဗီဈေးကွက်မှာ ယမန်နှစ် ၂၀၂၁ မှာ ပထမနေရာကို Tesla Model 3 က ရယူခဲ့ပြီး ဒုတိယနေရာကို  MG ZS EV က ရရှိခဲ့ပါတယ်။ Atto 3 က ဩစတေးလျ အီးဗီဈေးကွက်ထဲမှာ MG ZS EV ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 BYD Australia ရဲ့ ထွေဂျာ Wing You က "ဩစတေးလျအတွက် BYD က ပထမဆုံး အသုတ် ထုတ်လုပ်ပေးလိုက်တဲ့ကားမော်ဒယ် ATTO 3 အတွက် အမှာစာ ၃,၀၀၀ ကျော် ရရှိခဲ့တာဟာ တာထွက်မှာ အံ့မခန်းအောင်မြင်မှုဖြစ်ပါတယ်။ ဒီတော့ ဩစတေးလျဈေးကွက်အတွက် ATTO 3 အပေါ် ကျွန်တော်တို့ ယုံကြည်မှု အပြည့်ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

BYD က ဩစတေးလျဈေးကွက်အတွက် ပထမအသုတ်မှာ ATTO 3 စီးရေ ၁၅,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဗားရှင်း ၂ မျိုး ထုတ်လုပ်ပါတယ်။ ၂မျိုးစလုံးမှာ BYD မှ ထုတ်လုပ်တဲ့ ဘလိတ်ဘက်ထရီ သုံးစွဲထားပါတယ်။

အခြေခံဗားရှင်း ဘက်ထရီက 50kWh ဖြစ်ပြီး အဆင့်မြင့် ဗားရှင်းက 60kWh ဖြစ်ပါတယ်။

ဘက်ထရီတွေရဲ့ ပါဝါက 150kW ဖြစ်ပါတယ်။ ရှေ့ဘီးယက် လျှပ်စစ်မော်တာ ရုန်းအားက 310Nm ဖြစ်ပါတယ်။ Atto 3 က သုည ကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ ရောက်ဖို့ ၇.၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်တယ်လို့ BYD က ဆိုပါတယ်။ 

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U

Read 4134 times