၃ စီးတည်း ထုတ်လုပ်တဲ့ Bugatti EB 112 ၁ စီး ပြန်ရောင်းမည်


၁၉၉၀ ပြည့်နှစ်လွန်ကာလမှာ Bugatti ကို VW Group မဝယ်ရသေးခင်မှာ Bugatti က ကားဒီဇိုင်း ၂ ခု ထုတ်လုပ်တယ်။  မော်ဒယ်တစ်ခုက EB110 အိမ်စီးစူပါပြိုင်ကား၊ နောက်မော်ဒယ်တစ်ခုက EB112 ဆီဒင်ကား။
EB 112 ကို ၃ စီးပဲ ထုတ်လုပ်ဖြစ်တယ်။
အဲဒီ ၃ စီးထဲမှ ၁ စီးကို ရောင်းဖို့ ကြေညာထားပါတယ်။ 

 EB 112 ၃စီး ရဲ့ချာစီနံပါတ်တွေက #39001 #39002 #39003 တို့ဖြစ်ပြီး အခုရောင်းမယ့်ကားက #39002 ဖြစ်ပါတယ်။

 


Bugatti  EB 112 ချာစီ #39001 ကို အပြီးအစီး တည်ဆောက်ပြီး ၁၉၉၃ မှာ ကျင်းပတဲ့ Geneva Motor Show မှာပြသခဲ့တယ်။
Bugatti Automobili S.p.A က ၁၉၉၅ မှာ ဖြူကာကြာကာကျပြီး ဒေဝါလီခံတယ်။ ထုခွဲရောင်းချတော့ အီတလီမှာ စီးပွားရေးသမား  Gildo Pallanca Pastor က ပိုင်ဆိုင်မှု တချို့ကို ဝယ်တယ်။ တည်ဆောက်လက်စတန်းလန်း EB 112 ဆလွန်းကားနဲ့ ယာဉ်ပစ္စည်းတွေ သူ့လက်ထဲ ရောက်သွားတယ်။  Gildo Pallanca Pastor က မိုနာကိုမှ Monaco Racing Team ကို ပိုင်ဆိုင်သူ ဖြစ်လို့ Monaco Racing Team ကို Bugatti EB 112 ၂စီးကို အပြီးတိုင် တည်ဆောက်ပေးဖို့ တာဝန်ပေးတယ်။ #39002 ကို Bugatti ကားစက်ရုံမှာ အပြီးအထိ တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။
 
အခု ရောင်းဖို့ကြေညာထားတဲ့ ချာစီ 39002 ဖြစ်တဲ့ EB 112  က ၂,၄၂၃ မိုင် မောင်းထားပြီးပြီ။ 
တံခါး ၄ ပေါက် ဆလွန်ူကားကို Italdesign  မှ Giorgetto Giugiaro က ဒီဇိုင်း ထုတ်ပေးပါတယ်။ ရှေ့ကကြည့်ရင် Bugatti ရဲ့ မြင်းခွာပုံ လေဇကာပေါက်နဲ့ Bugatti ပင်ကိုယ်ဟန်ပန်ကို ပြသနေတယ်။ နောက်ဘက်ကကြည့်ရင် တမျိုးတမည်ဖြစ်နေတယ်။ 
အင်ဂျင်က 6.0-liter V12  456 PS (335 kW; 450 hp) ဖြစ်ပါတယ်။ အမြဲတစေ ၄ ဘီးယက် ဖြစ်ပါတယ်။ ဝေါကနဲ မောင်းရင် ရပ်ထားရာမှ တစ်နာရီ ၆၂ မိုင် (ကီလိုမီတာ ၁၀၀) အမြန်နှုန်းကိုရောက်တယ်။ ဆလင်ဒါ ၁၂ လုံးအင်ဂျင်ကို ဂီယာ ၅ ချက် လက်ထိုးဂီယာဘောက်စ်နဲ့ တွဲပေးထားတယ်။ အမြန်ဆုံး အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၃၀၀ ဖြစ်ပါတယ်။ ထိုစဉ်တုန်းက အမြန်ဆုံး အိမ်စီးဆလွန်းကား ဖြစ်ပါတယ်။

 

ဂျာမနီနိုင်ငံမှ ကားရောင်းဝယ်ရေး လုပ်ငန်းရဲ့ ဝဘ်ဆိုက်မှာ ကားကို ရောင်းဖို့ ကြေညာထားတယ်။ဈေးနှုန်း ဖော်ပြမထားဘူး။ စိတ်ဝင်စားရင် ဆက်သွယ်မေးမြန်းဖို့ ပြောထားပါတယ်။

ဆွစ်ဇာလန် Bugatti တင်သွင်းသူ Chevalley မှ ဧပြီလ ၂၇ ရက်၊ ၁၉၉၃ တွင် မှာယူခဲ့ပြီး ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလတွင် Monaco Racing Team မှ တပ်ဆင်ပြီးစီးပြီးနောက်  anthracite အရောင် (အင်သရာဆိုက် ကျောက်မီးသွေး၏ မီးခိုးရောင် သန်းသောအမည်းရောင်)ဖြင့် ပေးပို့ခဲ့ပါသည်။ ၎င်းကားကို ဂျနီဗာမြို့မှာ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မှတ်ပုံတင်ထားပြီး ၂၀၀၆ ခုနှစ် Geneva Classics Motor Show မှာ ပြသခဲ့ကြောင်း၊ တည်ဆောက်ခဲ့သည့် နမူနာ ၃ ခုအနက်မှ တစ်ခုဖြစ်သည့် Bugatti EB112 သည် ယခင်ပိုင်ရှင်တစ်ဦးတည်းသာရှိသည်။ ဝယ်ယူရန် အလွန်ရှားပါးသောအခွင့်အရေးတစ်ခုဟု ယုံကြည်ရသည် စသဖြင့် ဖော်ပြထားပါသည်။

ဒီနေရာမှာ ဖော်ပြထားပါတယ်။

 

 

 

 

 

 

Read 6066 times