ဗီယက်နမ် သစ်သားထည်ပညာရှင်ရဲ့ မောင်းနှင်လို့ ရတဲ့ သစ်ထည် Bugatti


ဗီယက်နမ် သစ်သားထည်ပညာရှင် Truong Van Dao က အပြည့်အဝမောင်းနှင်လို့ ရတဲ့ သစ်ထည် Bugatti တစ်စီးက တည်ဆောက်ခဲ့ပါတယ်။ 
သူ့ရဲ့ သားငယ်အတွက် တည်ဆောက်ပေးခဲ့တာ ဖြစ်ပြီး တကယ့် Bugatti အစစ်ထက် အရွယ်ငယ်ပါတယ်။ 

Bugatti ရဲ့ ဟိုက်ပါကားမော်ဒယ်တွေထဲမှ Centodieci  မော်ဒယ်ကို ပုံစံတူ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 
အစမှ အဆုံး ရက်ပေါင်း ၄၀ ကြာမြင့်ခဲ့ပါတယ်။ 

ဗီဒီယိုထဲမှာ ပြောဆိုကြတာတွေကို ဆီလျော်အောင် ဘာသာပြန်ပြီး တင်ပြအပ်ပါတယ်။ 

ပြောပြသူ။ ။ ဒီကားက အပြည့်အဝ မောင်းနှင်လို့ရပြီး တစ်စီးလို့ သစ်သားထည်နဲ့ တည်ဆောက်ထားတဲ့  Bugatti ပါ။ တကယ့်ကားထက် သုံးပုံတစ်ပုံလောက် အရွယ်အစား ရှိတယ်။ ဗီယက်နမ် သစ်သားထည်ပညာရှင် Truong Van Dao က တည်ဆောက်ခဲ့တယ်။ Bugatti ရဲ့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းတန် Centodieci ဟိုက်ပါကားနဲ့ ချွတ်စွပ်နီးပါး တူပါတယ်။ သူက ရက် ၄၀ နဲ့ တည်ဆောက်ခဲ့တယ်။ 

Truong Van Dao: လက်သမားဆရာတစ်ဉီးဖြစ်တာနဲ့အညီ ကျွန်တော်က သားဆော့ဖို့ ကစားစရာလေးတွေ ကျွန်တော် မကြာခဏ လုပ်ပေးပါတယ်။ သူဆော့ဖို့ ကားမော်ဒယ်တချို့ကိုလည်း ကျွန်တော် ဝယ်ပေးထားတယ်။ အဲဒီကားလေးတွေနဲ့ သူဆော့ရတာ ကြိုက်တယ်။ အထူးသဖြင့် Bugatti ကို သူကြိုက်တယ်။ 
ဒီကားကို ကျွန်တော်လုပ်ဖို့ အချိန်အကြာကြီးကတည်းက ပြင်ဆင်ခဲ့တယ်။ ပုံဆွဲဖို့ အွန်လိုင်းမှာ ပုံတွေ ကျွန်‌တော် လိုက်ရှာတယ်။ ဓာတ်ပုံတွေကို ကိုးကားတဲ့အပြင် ဒီကားရဲ့အတိုင်းအတာ အတိအကျကိုလည်း ကျွန်တော် ရှာတယ်။ ပြီးတော့မှ စကေးကိုက် သေးယူလိုက်တယ်။ 

ပြောပြသူ။ ။ Dao က ကားအောက်ပိုင်းနဲ့ချာစီတို့ကို စတင်လုပ်ကိုင်တယ်။ သုံးစွဲစရာ ဘာပုံမှ မရှိတော့ သူရဲ့ အကောင်းဆုံးချင့်ချိန်ဆုံးဖြတ်ချက်ကို သုံးရတယ်။ အရင် သူလုပ်ဖူးတဲ့ ကားအသေး စီမံကိန်တွေအပေါ် အခြေခံပြီး  သူလုပ်ကိုင်တယ်။ ဟောဒီ Ferrari လိုမျိုးပေါ့။

Dao ။ ။  အောက်ဘက်ကို ပြီးဖို့ တစ်ပတ်လောက် ကြာတယ်။ chainsaws, wood planers စက်တွေကို ကျွန်တော်သုံးတယ်။ လက်နဲ့ လုပ်ကိုင်ရတဲ့ ကိရိယာ တချို့ကို သုံးတယ်။ ကျွန်တော်က ဝက်သစ်ချသားကို အဓိကထားပြီး ကျွန်တော့ထုတ်ကုန်တွေအတွက် သုံးစွဲတယ်။ ဘာလို့လဲဆိုတော့ ဝက်သစ်ချသားက တာရှည်ခံတယ်။ ဈေးပေါတယ်။ ဗီယက်နမ်မှာ တရားဝင်သုံးခွင့်ရှိတဲ့ သစ်အမျိုးအစား ဖြစ်ပါတယ်။ အရင်က တခြားသစ်အမျိုးအစားတွေနဲ့ ကြိုးစားကြည့်ဖူးတယ်။ ဒါပေမဲ့ ဝက်သစ်ချသားက အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ သူက ပေါ့တယ်။ ကားကို အရမ်းလေးလံမနေစေဘူး။ ဒုတိဘအချက် အသားမာတော့  ကျွန်တော် ဆောက်ဖြင့် ထွင်းထု ပုံဖော်တာ အတော်လွယ်ကူတယ်။ 

ပြောပြသူ။ ။ Dao က ဒေသခံဈေးနဲ့ အီးကောမတ်စ်ဆိုက်တွေမှာ ကားဘီးလှိမ့်အောင် ပြုတဲ့ ကားမောင်းနှင်မှု အစိတ်အပိုင်းတွေကို ဝယ်ယူခဲ့တာမှာ လျှပ်စစ်မော်တာ အသေးသား၊ ရှေ့နဲ့နောက် ဝင်ရိုးတွေ၊ ဂီယာအသေးစားတို့ ပါဝင်ပါတယ်။ 

Dao ၊၊ ။ကားကို နောက်ဝင်ရိုးမော်တာနဲ့ ပါဝါပေးထားတဘ်။ ကားနောက်ဝင်ရိုး လှည့်ဖို့ အင်ဂျင်တစ်လုံး ကျွန်တော် ထိုင်တာ အရင်မော်ဒယ် Ferrari တုန်းက မအောင်မြင်ခဲ့ဘူး။ စစချင်းမှာ ကားက စက်နှိုးလို့မရ ရွေ့လို့မရ ဖြစ်နေခဲ့တယ်။ နောက်တစ်စီးကျတော့ ကျွန်တော် ပထမအကြိမ်ကြိုးစားကြည့်မှာ အောင်မြင်တယ်။ 
ကျွန်တော် ဘီးတွေ ဝိုင်းအောင် အရင်လုပ်တယ်။ ဆောက်သေးလေးနဲ့ ပုံဖော်တယ်။ ကျွန်တော် သုံးပိုင်း ပိုင်းတယ်။ တာယ၊ ဘရိတ်ပြားဝိုင်းနဲ့ နှုတ်ခမ်းသားတို့ ဖြစ်ပါတယ်။ သစ်သားအတွက် ကော် အထူးအမျိုးအစားကို သုံးပြီး အပိုင်းတွေကို ကပ်တယ်။ 

ပြောပြသူ။ ။ ဒီစီမံကိန်းမှာ အရှုပ်ထွေးဆုံးက ကိုထည် ဖြစ်ပါတယ်။ စက်ဖုံး၊ အကာ၊ ဘန်ပါ၊ နောက်ပိုင်း အကုန်လုံးကို  Dao က ထုဆစ်ပုံဖောက်တာမှာ စက်လွှကို တစ်ခုကိုပဲ အများဆုံး သုံးတယ်။ 

Dao ။ ။ စက်လွှတစ်ခုကို သုံးရတာဟာ သစ်သားထည်သမားတစ်ဦးရဲ့ ကျွမ်းကျင်မှုအပေါ် တည်မှီပါတယ်။ ကျွန်တော် စက်လွှနဲ့ အသားကျသွားပြီးတဲ့အခါ ဘယ်နေရာကို လိုချင်သလဲ လုပ်ပေးလို့ရတယ်။ ကားပုံဖော်တာ မြန်ဆန်ဖို့ စက်လွှက ကျွန်တော့ကို ကူညီတယ်။ ကားဖရနိန်ကို ကျွန်တော် တည်ဆောက်ဖို့ ပိုလွယ်အောင် လုပ်ပေးတယ်။ ပုံထွင်းတာ ပိုမြန်ဖို့အတွက် လက်နဲ့ကိုင်သုံးရတဲ့ ကိရိယာလေးတွေကို ကျွန်တော် သုံးတယ်။ ဒါပေမဲ့ စက်လွှက တကယ်အသုံးဝင်ပြီး လိုအပ်တဲ့ စက်ကိရိယာ ဖြစ်ပါတယ်။ 

ကျွန်တော် ကော်နှစ်မျိုး သုံးတယ်။ တစ်မျိုးက ကပ်အား ပိုကောင်းဖို့ လိုနဲ့ အပိုင်းတွေကို ကပ်တွဲပေးဖို့အတွက်ပါ။ အကန့်အသတ်ရှိတာက ခြောက်ဖို့  ၂ ရက်ကြာတယ်။ နောက်ကော်တစ်မျိုးက လောင်းလိုက်ပြီးရင် ချက်ချင်းကပ်တယ်။ ကြံ့ကြံ့ခံတာ သိပ်မကောင်းတော့ ကျွန်တော် အသေးစိတ်လေးတွေ လုပ်ကိုင်ဖို့ သုံးတယ်။ 

ပြောပြသူ။ ။ ကိုယ်ထည်ကို အတိကျ ပြန်ဖန်တီးထားတယ်။ Dao က Centodieci ရဲ့ အွန်လိုင်းမှအစိတ်အပိုင်း အမျိုးမျိုး ပုံတွေကို စက္ကူကတ်ပြားပေါ်မှာ scan လုပ်ပြီး တင်တယ်။ scan ပုံတွေကို ကောက်ကြောင်းလိုက်ပြီး သစ်သားပြားပေါ်ကို တင်တယ်။ အသေးစိတ်နေရာတွေကို လက်နဲ့ သူကိုယ်တိုင် ရေးဆွဲတယ်။ 

Dao ။ ။ ကားတံခါးတွေအတွက် အချိန်အယူဆုံးပဲလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ဖွင့်လို့ရတာ ဖြစ်ဖို့ လိုအပ်တယ်။ တောင့်တင်းပြီး ကိုယ်ထည်မှာ အံကိုက်ဖြစ်ရမယ်။ စက်လွှကို သုံးပြီးတဲ့အခါ နောက်ထပ် ကိရိယာ ၅ မျိုး သုံးရတယ်။ ပထမ ကော်ပတ်စက်နဲ့ မျက်နှာပြင် အဖုအထစ်မရှိအောင် လုပ်လိုက်တယ်။ ပြီးရင် ရွေဘော်စက်နဲ့ ချောအောင် လုပ်လိုက်တယ်။ ပြီးရင် သဲကော်ပတ်နဲ့ ပိုချောမွေ့အောင် လုပ်တယ်။ အဲဒါအပြင် အသေးစိတ်တွေအတွက် လွှစက် သုံးလို့ မရဘူး။ ဆောက်နဲ ကျွန်တော် အချောကိုင်ရတယ်။ 

ပြောပြသူ။ ။ အဲဒီ အသေးစိတ်တွေမှာ သံပန်း( ရှဲလ်)၊ အိပ်ဇောပိုက်တွေ၊ ဘေးကြည့်မှန်တွေနဲ့ တောင်ပံတို့ကို  Bugatti Centodieci ပေါ်မှာ တွေ့ရတဲ့အတိုင်း ချွတ်စွပ်နီးပါး တူအောင် လုပ်တယ်။ 
အတွင်းပိုင်းကို ပုံဖော်ပြီးတဲ့အခါ Dao စတီယာရင်လက်ကိုင်ကို ထည့်တယ်။ အဲဒီမှာချွတ်စွပ်နီးပါး တူတဲ့  Bugatti လိုဂို ပါတယ်။ ဘီးတွေကို သစ်သား စတီယာရင်ကော်လံပေါ်မှာ ဝက်အူစွဲပေးပြီးတဲ့အခါ အချောသတ်ပေးရတဲ့အချိန်ကို ရောက်ပါတယ်။ 
 

Read 700 times