ရေနံလုပ်ငန်းကြီး BP က Tesla ထံမှ Supercharger  အားသွင်းစက်များ ဒေါ်လာ သန်း ၁၀၀ ဖိုး ဝယ်ယူ


ရေနံလုပ်ငန်းကြီး BP က Tesla ထံမှ Supercharger  အားသွင်းစက်များ ဒေါ်လာ သန်း ၁၀၀ ဖိုး ဝယ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla က ၎င်း၏ အားသွင်းစက် Supercharger  ကန်ဒေါ်လာ သန်း ၁၀၀ ဖိုးကို ရေနံလုပ်ငန်းကြီး BP ထံရောင်းချမည် ဖြစ်ပြီး BP က ၎င်းအားသွင်းစက်များကို အမေရိကန်တစ်ဝှမ်းတွင် ထားရှိပြီး အားသွင်းဝန်ဆောင်မှု ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း Tesla နှင့် BP တို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်သည်။


တက်စလာထံ၌ မြောက်အမေရိကရှိ လျှပ်စစ်ကားများအတွက် အကောင်းဆုံး အမြန်အားသွင်းကွန်ရက် ရှိထားပြီးဖြစ်သည်။

တက်စလာ အားသွင်းစနစ်၏ အားသာချက်မှာ ကွန်နက်တာ connector ဒီဇိုင်း ပိုမိုကောင်းမွန်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ယခုအခါ အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ကားထုတ်လုပ်သူ အများစုသည် တက်စလာ၏ North American Charging Standard NACS ကို သုံးစွဲရန် တက်စလာနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြသည်။
၎င်းကားကုမ္ပဏီများသည် ၎င်းတို့ ထုတ်လုပ်သည့် အီးဗီများ၏ ကားပိုင်ရှင်များကို အကောင်းဆုံး အားသွင်းကွန်ရက်နှင့် အကောင်းဆုံး ကွန်နက်တာကို သုံးစွဲနိုင်စေရန် NACS ကို သုံးစွဲခြင်း ဖြစ်သည်။

Tesla သည် ၎င်း၏ အားသွင်းစက်များကို ကိုယ်တိုင် ထုတ်လုပ်သည်။ အားသွင်းစခန်းများကို ကိုယ်တိုင် ထူထောင်သည်။ အားသွင်းကွန်ရက်ကို ကိုယ်တိုင် တည်ဆောက်သည်။

ယခု အဆင့်တစ်ဆင့် ထပ်မြှင့်လိုက်သည်။

Tesla က Supercharger အားသွင်းစက်များကို BP ထံ ရောင်းချပေးမည်။ BP က ၎င်း Supercharger များကို BP-brand ဖြစ်သည့် “bp pulse” အမှတ်တံဆိပ် ဖြင့် အားသွင်းစခန်းများ ထူထောင်မည် ဖြစ်ပါသည်။ 

 

Source electrek

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1083 times