အီလွန်မတ်စ်၏ Boring ကုမ္ပဏီ ၆၅ မိုင် ဥမင်လိုဏ်ခေါင်း ကားလမ်းကွန်ရက် တည်ဆောက်မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အီလွန်မတ်စ် ပိုင်ဆိုင်သည့် The Boring Company (TBC) သည် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လပ်စ်ဗေးဂတ်စ်မြို့တွင် မြေအောက်ဥမင်လိုဏ်ခေါင်းလမ်းကို တိုးချဲ့ဖောက်လုပ်ရန် ခွင့်ပြုမိန့် ကျပြီ ဖြစ်သည်။
TBC ၏ မူလ စိတ်ကူးမှ မြေအောက်လမ်းကွန်ရက်တွင် ၂၉ မိုင်ရှည်လျားပြီး စတေရှင် ၅၁ ခု ပါဝင်သည်။
ယခု အစီအစဉ်အသစ်တွင် မြေအောက် ဥမင်လိုဏ်ခေါင်းလမ်းကွန်ရက်သည် ၆၅ မိုင် ရှည်လျားပြီး စတေရှင် ၆၉ ခု ပါဝင်မည် ဖြစ်သည်။
လက်ရှိဖောက်လုပ်ပြီးသား အပိုင်းကို တိုးချဲ့ခက်ဖြာပြီး ဖောက်လုပ်သွားမည် ဖြစ်သည်။ ပထမအဆင့် အဖြစ် ၂၅ မိုင်ရှည်လျားပြီး စတေရှင် ၁၈ ခု ပါသည့် အပိုင်းကို တိုးချဲ့ဖောက်လုပ်မည်။
နီဗားဒါးမှ Clark County ကော်မရှင်အဖွဲ့ဝင်များက မြေအောက်ဥမင်လိုဏ်ခေါင်းလမ်းကွန်ရက် တိုးချဲ့မည့် အစီအစဉ်ကို အတည်ပြု ခွင့်ပြုခဲ့သည်။
ကလပ်ကောင်တီ ကော်မရှင် အဖွဲ့ဝင်များကို TBC ၏ ရှေ့နေက ရှင်းလင်းတင်ပြခဲ့ရာတွင် မြေအောက်ဥမင်လိုဏ်ခေါင်းလမ်းကွန်ရက် တိုးချဲ့မည့် အစီအစဉ်ကို အခွန်ထမ်းပြည်သူတို့ ပေးဆောင်ထားသည့် အခွန်ဘဏ္ဍာကို သုံးစွဲမည် မဟုတ်ကြောင်း အာမခံသည်။ စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျစရိတ်အားလုံးကို ကုမ္ပဏီမှ ကျခံမည်ဟု ကတိပေးခဲ့သည်။ မဲခွဲ ဆုံးဖြတ်ရာ ၆ မဲ ၁ မဲဖြင့် အတည်ပြု ခွင့်ပြုသည့်ဘက်က အနိုင်ရခဲ့သည်။
မြေအောက်ဥမင်လိုဏ်ခေါင်းလမ်းကွန်ရက် ဝင်ပေါက်တစ်ခုကို တွေ့မြင်ရပုံ
Source engadget
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U