ထိုင်းမှာ အီးဗီ ဘက်ထရီစက်ရုံ BMW တည်ဆောက်မည်


ထိုင်းမှာ အီးဗီ ဘက်ထရီစက်ရုံ BMW တည်ဆောက်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

BMW Group Thailand သည် ၎င်း၏ ဘက်ထရီ အီးဗီများနှင့် plug-in hybrid အီးဗီများ ရောင်းချမှုကို ပံ့ပိုးပေးရန်အတွက် ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားဘက်ထရီထုပ် စက်ရုံကို တည်ဆောက်ရန် စီစဉ်နေပါသည်။

 

Rayong တွင် တည်ရှိမည့် စက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်နှင့် ထုတ်လုပ်မှု စွမ်းရည်ကို မကြာမီ ဆုံးဖြတ်မည်ဟု ကုမ္ပဏီက ဆိုသည်။

"တရုတ်က ထိုင်းမှာ အီးဗီကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနဲ့ ယာဉ်ပစ္စည်းပေးသွင်းရေးကွင်းဆက်တွေကို တိုးချဲ့နေတာကြောင့် ကျွန်တော်တို့ ဘက်ထရီ ထုတ်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာပါ"ဟု BMW Group Thailand ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Alexander Baraka က ပြောကြားသည်။

 

BMW အီးဗီ ဘက်ထရီစက်ရုံများ တရုတ်နှင့် ဟန်ဂေရီ နိုင်ငံတွင် ရှိနေပြီး  အရှေ့တောင်အာရှတွင် ထိုင်းသည်  BMW အီးဗီ ဘက်ထရီစက်ရုံရှိသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည်ဟု ၎င်းက ပြောကြားသည်။ 

ထိုင်းစက်ရုံမှ ထုတ်လုပ်သော ဘက်ထရီထုပ်များကို ပြည်ပသို့ တင်ပို့မည် ဖြစ်သည်။

BWW သည် Rayong တွင် အီးဗီ ထုတ်လုပ်မှုအတွက် ရင်းနှီးမြုပ်နှံရန် စီစဉ်နေသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို စျေးကွက်ဝယ်လိုအားနှင့် ချစ်ပ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုအပါအဝင် အကြောင်းအချက်များအပေါ်  မူတည်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ်က BMW Group Thailand သည် BMW နှင့် Mini အမှတ်တံဆိပ် ကားများ စုစုပေါင်းကားအစီးရေ ၁၅,၄၇၇ ရောင်းချရကြောင်း ထုတ်ပြန်ခဲ့သည်။

BMW Motorrad မော်တော်ဆိုင်ကယ် ၁,၀၇၉ စီး ရောင်းချခဲ့သည်။ 

 

"ကျွန်တော်တို့ရဲ့ ဘက်ထရီ အီးဗီတွေဟာ ထိုင်းနိုင်ငံမှာ ရောင်းအားရဲ့ ၁၅.၅% စျေးကွက်ဝေစုကို ရရှိခဲ့ပါတယ်"ဟု Mr Baraka က ပြောကြားသည်။

 

BMW Group Thailand မှ BMW iX2 xDrive30 M Sport အပါအဝင် BMW ကားမော်ဒယ် ၃ မျိုးနှင့် MINI Cooper S Countryman Highlands Edition အပါအဝင် Mini Cooper မော်ဒယ် ၃ မျိုးကို စတင်ရောင်းချပါသည်။

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 180 times