အမြတ်အစွန်း ဆက်လက်ကျဆင်းကြောင်း BMW  ထုတ်ပြန်ကြေညာ


အမြတ်အစွန်း ဆက်လက်ကျဆင်းကြောင်း BMW  ထုတ်ပြန်ကြေညာ

ဂျာမန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း   BMW  ဒုတိယမြောက် ၃လပတ်မှာလည်း တရုတ်နိုင်ငံ လော့ဒေါင်းကြောင့် ထုတ်လုပ်မှု ထိခိုက်ခဲ့သောကြောင့် BMW အမြတ်အစွန်းများ ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 

၂၀၂၂ ဧပြီ မေ ဇွန် ၃လပတ်တွင် BMW  အမြတ် ယူရို ၄ ဘီလီယံ ရရှိခဲ့ပါတယ်။ ယမန်နှစ် အလားတူ ၃လပတ်မှာ ယူရို ၄.၈ ဘီလီယံ ရရှိခဲ့ပါတယ်။ 

BMW စီအီးအို Oliver Zipse က မျက်နှာသာမပေးတဲ့ အခြေအနေများ ကြုံတွေ့နေရသော်လည်း ကြံ့ကြံ့ခံနိုင်ရည် မြင့်မားကြောင်း ပြောကြားပါတယ်။ 

ချစ်ပ်များ အလုံအလောက် မရရှိတဲ့ ပြဿနာများ ရှိနေဆဲဖြစ်ပြီး ပစ္စည်းပေးသွင်းကွင်းဆက်မှာလည်း ကမောက်ကမ ဖြစ်နေဆဲပါလို့ BMW  မှ ထုတ်ပြန်တဲ့ ပထမနှစ်ဝက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

၂၀၂၂ ဒုတိယ ၃ ပတ်မှာ BMW က စီးရေ ၅၆၃,၀၀၀ ကျော် ထုတ်လုပ်ပေးပို့ခဲ့ပါတယ်။ 

အခြားသော ပရီမီယံကားထုတ်လုပ်သူများနည်းတူ ထုတ်လုပ်မှုများကို ပစ္စည်းမရသဖြင့် အကန့်အသတ်ဖြင့် ထုတ်လုပ်နေရသဖြင့် အမြတ်အစွန်း ပိုကြီးမားတဲ့  တန်းအမြင့်ဆုံး မော်ဒယ်များကို ဦးစားပေး ထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့ စီးရေအားဖြင့် လျော့ကျပေမဲ့ ရရှိတဲ့ အမြတ်ကို တအားကြီး ကျမသွားအောင် ထိန်းပေးထားနိုင်စေပါတယ်။ 

ယခုအခါ ဒုတိယနှစ်ဝက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဒုတိယနှစ်ဝက်မှာလည်း ခက်ခဲနေဦးမယ်လို့ BMW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒုတိယနှစ်ဝက်မှာ ရောင်းချတဲ့ အရေအတွက် ပိုမြင့်မားမှာ ဖြစ်ပေမဲ့ ပထမနှစ်ဝက်မှာ လျော့နည်းခဲ့တာကိုတော့ ထေမိမှာ မဟုတ်ကြောင်း BMW က ပြောကြားပါတယ်။ 

#MyanmarAutomobileGuide

 Telegram Channel https://t.me/Guid4U

Source: FMT

Read 1126 times