အောက်စ်ဖိုဒ်တွင် မီနီ ဆက်ထုတ်နိုင်ဖို့ BMW ဒေါ်လာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံ


အောက်စ်ဖိုဒ်တွင် မီနီ ဆက်ထုတ်နိုင်ဖို့ BMW ဒေါ်လာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 ယူကေတွင် Mini အီးဗီ ဗားရှင်း ၂ မျိုး ထုတ်လုပ်နိုင်ရန် ပေါင် သန်း ၆၀၀ (ကန်ဒေါ်လာ သန်း ၇၅၀) ရင်းနှီးမြှုပ်နှံမည်ဟု BMW က စက်တင်ဘာလ ၁၁ ရက်မှာ ကြေညာပါသည်။

 Mini Cooper အီးဗီနှင့် Mini Aceman အီးဗီတို့ကို BMW ၏ အောက်စ်ဖိုဒ်နှင့် ဆွင်းဒန် ကားစက်ရုံများတွင် ၂၀၂၆ ခုနှစ်မှာ စတင်ထုတ်လုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းစက်ရုံများသည် ၂၀၃၀ ပြည့်နှစ်တွင် အီးဗီများကိုသာ ထုတ်လုပ်တော့မည် ဖြစ်သည်။
Mini အမှတ်တံဆိပ်ကို ၁၉၉၄ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားသည့် BMW သည် ၎င်းစက်ရုံတို့ကို အီးဗီ ထုတ်လုပ်သည့် စက်ရုံအဖြစ်သို့ ပြောင်းလဲရန်အတွက် ယူကေ အစိုးရထံမှ ပေါင်သန်းချီသော ပမာဏဖြင့် ရင်းနှီးမြှုပ်နှံမှု ရရှိထားပြီး ပမာဏ အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။ 
ယူကေအစိုးရက ရင်းနှီးမြှုပ်နှံပေးသဖြင့် အောက်စ်ဖိုဒ်တွင် Mini အီးဗီများ ဆက်လက်ထုတ်လုပ်ဖို့ သေချာသွားစေသည်။ 
အောက်စ်ဖိုဒ်နှင့် ဆွင်းဒန် ကားစက်ရုံများမှ လုပ်သား ၄,၀၀၀ ဝန်းကျင် အလုပ်အကိုင် တည်မြဲစေရန်အတွက် ယူကေအစိုးရက ရင်းနှီးမြှုပ်နှံပေးခြင်း ဖြစ်သည်။ 
၎င်းအောက်စ်ဖိုဒ်စက်ရုံတွင် လွန်ခဲ့သော ၆၄ နှစ်က ကားအငယ်စား Mini ကို စတင်ထုတ်လုပ်ခဲ့ပါသည်။ 

လွန်ခဲ့သည့် တစ်နှစ်ခန့်က BMW သည် Mini ထုတမလုပ်မှုကို တရုတ်ပြည်သို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ယခု အစီအစဎ်အသစ်အရ Mini ကို အောက်စ်ဖို့ဒ်တွင် ထုတ်လုပ်မည်ဖြစ်ပြီး တရုတ်ပြည်တွင်လည်း Great Wall Motor နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ထုတ်လုပ်မည် ဖြစ်သည်။ တရုတ်ပြည် စက်ရုံမှ ထုတ်လုပ်သော Mini အီးဗီများကို ပြည်ပသို့ ၂၀၂၄ ခုနှစ်တွင် စတင်တင်ပို့မည်ဟု ရည်မှန်းထားပါသည်။
ဂျာမနီ နိုင်ငံရှိ Leipzig မြို့မှ ကားစက်ရုံတွင် Mini Countryman မော်ဒယ်အသစ်ကို ထုတ်လုပ်မည်။

 

Source CNN
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1642 times