တရုတ်ပြည်တွင်းမှာ BMW၊ Mercedes၊ Audi တို့ထက် ရောင်းအားသာလွန်ပြီး နံပါတ်(၁) ဖြစ်ရန်   Li Auto  ရည်မှ


တရုတ်ပြည်တွင်းမှာ BMW၊ Mercedes၊ Audi တို့ထက် ရောင်းအားသာလွန်ပြီး နံပါတ်(၁) ဖြစ်ရန် 
 Li Auto  ရည်မှန်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်ကားထုတ်လုပ်သူ Li Auto သည် မော်ဒယ်အသစ်များ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ထုတ်လုပ်သည့် ကားစီးရေ တိုးမြှင့်ခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံမှာ BMW၊ Mercedes-Benz နဲ့ Audi တို့ထက် ရောင်းအားသာလွန်ရန်  ရည်ရွယ်ထားကြောင်းLi Auto စီအီးအို Li Xiang က ရင်းနှီးမြှုပ်နှံသူများအား အင်္ဂါနေ့ည( ဩဂုတ် ၈)တွင် ပြောကြားခဲ့သည်။

 

Li Auto စီအီးအို  Li Xiang

 

Li Auto စီအီးအို ဖြစ်သူ Li Xiang က "ရောင်းအားအရ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံ‌ ဈေးကွက်ရဲ့ နံပါတ် (၁) ပရီမီယံ ကားအမှတ်တံဆိပ် ဖြစ်လာရန် ကျွန်တော်တို့ ကြိုးပမ်းသွားမယ်" ဟု ပြောကြားသည်။
ထုတ်လုပ်မှု တိုးမြှင့်ပြီးပါက စတုတ္ထ ၃ လပတ်တွင် လစဉ် အစီးရေ ၄ သောင်းအထိ အမှာစာများထံ ပေးအပ်နိုင်မည်ဟု ၎င်းက ပြောကြားသည်။

Li Auto ကို ၂၀၁၅ ခုနှစ်တွင် ထူထောင်ခဲ့သည်။
Li Auto သည် ၎င်း၏ ပထမဆုံး ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် မော်ဒယ် MEGA ကို ယခုနှစ်ကုန်တွင် ယွမ် ၄ သိန်းဝန်းကျင်ဖြင့်  စတင်ရောင်းချတော့မည် ဖြစ်သည်။

ယွမ် ၅ သိန်း ($69,315) အထက်ရှိသော ကားမော်ဒယ်များ အားလုံးတွင် အရောင်းရဆုံးမော်ဒယ်ဖြစ်လာရန် မျှော်လင့်ထားသည်။
ကုမ္ပဏီသည် အီးဗီမော်ဒယ် သုံးခုအပါအဝင် မော်ဒယ်အသစ်လေးမျိုးကို လာမည့်နှစ်တွင် စတင် ထုတ်လုပ်သွားမည်ဖြစ်သည်။
 
 ပထမနှစ်ဝက်အတွင်း အီးဗီရောင်းအား ကျဆင်းသဖြင့် အရောင်းမြှင့်တင်ရန်နှင့် ဈေးကွက်ဝေစု ထိန်းထားရန် အမြတ်လျှော့ယူပြီး ဈေးချရောင်းကြသည့် လျှော့ဈေးစစ်ပွဲတွင် Tesla ၊ Xpeng ၊ Nio တို့ ပါဝင်ခဲ့ကြသည်။ အင်ဂျင်ပါသည့် ဟိုက်ဘရစ်ကားများနှင့် အီးဗီများ ထုတ်လုပ်သည့် BYD လည်း ပါဝင်ခဲ့သည်။ Li Auto မပါဝင်ခဲ့ချေ။

 Li Auto သည် ယွမ် ၃ သိန်း အထက်ရှိသော ကားများတွင် စျေးကွက်ဝေစုကို ပိုမိုရယူနိုင်ခဲ့သည်။

မိသားစုအသုံးပြုသူများကို ပစ်မှတ်ထား၍ ခရီးတာ ပိုဝေးဝေး သွားနိုင်သော ဟိုက်ဘရစ်ကား မော်ဒယ် လေးခုဖြင့် ယခုနှစ်တွင် အမြတ်အစွန်းများ တိုးပွားစေသည်။

Li Auto သည် အရုံးပြနေခဲ့ရာမှ အသားတင်အမြတ် ရရှိနေသည့် အခြေအနေသို့ ရောက်ရှိလာသည်။ အသားတင်အမြတ် ရရှိသည့် ၃ လပတ် ၃ ကြိမ်ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

Li Auto သည် ယခုနှစ် ပထမ ၇ လအတွင်း ကားစီးရေ ၁၇၃,၂၅၁ စီးကို မှာကြားထားသူများထံ ပေးပို့နိုင်ခဲ့သည်။
ကုမ္ပဏီသည် တတိယသုံးလပတ်တွင် ကားအစီးရေ ၁ သိန်း ကျော် ပေးပို့ရန် ရည်မှန်းထားသည်။

BMW၊ Mercedes-Benz နှင့် Audi တို့သည် ယခုနှစ်အတွင်း အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် အထူးလျှော့စျေးဖြင့် ရောင်းချပေးလျက်ရှိသည်။

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 583 times