တရုတ်နိုင်ငံတွင် BMW  လျှပ်စစ်ကားများ ရောင်းအားကောင်း


တရုတ်နိုင်ငံတွင် BMW  လျှပ်စစ်ကားများ ရောင်းအားကောင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

BMW Group သည် ၂၀၂၃ ခုနှစ်တွင် တရုတ်ဈေးကွက်မှာ လျှပ်စစ်ကား အစီးရေ တသိန်းနီးပါး (၉၉,၉၇၂  စီး) ကို ဝယ်ယူသူများထံ ပေးပို့ခဲ့သည်။

၂၀၂၂ ခုနှစ်ထက် ၁၃၈% တိုးခဲ့ကြောင်း BMW က ပြောကြားသည်။

BMW သည် အများသုံး အားသွင်းကွန်ရက်ကို တိုးချဲ့လျက်ရှိရာ ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် တရုတ်ပြည်မှ မြို့ကြီး ၃၂၀ ကျော်တွင် အားသွင်းတိုင်များ ၅၈၀,၀၀၀ ကျော် ထားရှိသည်။ 

 ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် BMW သည် ၆၀၀ ကီလိုဝပ်အထိ အားသွင်းနိုင်သော အားသွင်းတိုင်များ စတင်အသုံးပြုခဲ့သည်။ ၎င်းအားသွင်းတိုင်များ ထားရှိသည့် အားသွင်းစခန်းများ ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် မြို့ ၁၇ ခုတွင် စခန်း ၅၀ ခု ထားရှိသည်။

 ၂၀၂၃ ခုနှစ်တွင် BMW Group သည် တရုတ်နိုင်ငံဈေးကွက်တွင် BMW နှင့် MINI ကားအစီး‌ရေ စုစုပေါင်း ၈၂၀,၀၀၀ ကျော်ကို မှာကြားထားသူများထံ ပေးအပ်ခဲ့ပါသည်။

 

Source China Daily 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 71 times