ရှန်ဟိုင်းကားပြပွဲမှာ BMW ရေခဲမုန့်‌‌ တစ်ခွက်ကြောင့် brand အကြီးအကျယ် ထိခိုက်


ရှန်ဟိုင်းကားပြပွဲမှာ BMW ရေခဲမုန့်‌‌ တစ်ခွက်ကြောင့် brand အကြီးအကျယ် ထိခိုက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရှန်ဟိုင်းကားပြပွဲတွင် BMW ရဲ့ ကား brand တစ်ခုဖြစ်တ‌ဲ့  Mini ကားပြခန်းမှာ လာရောက်သူများကို ရေခဲမုန့် အခမဲ့ကျွေးပါတယ်။

တရုတ်လူမှုကွန်ရက် ပလက်ဖောင်း Weibo မှာ တင်ပြထားတဲ့ ဗီဒီယိုမှာ တရုတ်နိုင်ငံသားများ လာတောင်းတဲ့အခါ "ကုန်ပြီ" လို့ ပြောပြီး မပေးပေမဲ့ နိုင်ငံခြားသားတစ်ဦး လာတောင်းတဲ့အခါ ဘယ်အမျိုးအစား စားချင်တာလဲ ရွေးချယ်ခိုင်းတဲ့အပြင် ခွက်မဖွင့်တတ်တာကို သင်ပြပေးတဲ့အထိ ဂရုတစိုက်ရှိခဲ့ပါတယ်။ 

ပြခန်းမှာ နိုင်ငံခြားသားတွေ ရေခဲမုန့် ထိုင်စားနေကြပြီး ရေခဲမုန့်စားနေတဲ့သူတွေထဲ တရုတ် တစ်ယောက်မှ မပါပါ။

နိုင်ငံခြားသား မျက်နှာသာ ပေးတယ်။ နိုင်ငံသား အနှိမ်ခံရတယ်လို့ Weibo မှာ ပြစ်တင်ရှုံ့ချကြပါတယ်။ 

Mini က ၎င်းရဲ့ တရားဝင် Weibo အကောင့်မှာ  ကြေညာချက် ထုတ်ပြန်ပြီး တောင်းပန်ပါတယ်။ ကုမ္ပဏီတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ အခုလို ဖြစ်ပွားခဲ့ရပါတယ်။ တိုးတက်ကောင်းမွန်အောင် သင်တန်းပေးပါမယ်လို့ ဆိုပါတယ်။

.

Advertisement

Click Here > Tayza Wynn

ပွဲဆူတာ တိုင်းသိပြည်သိ ဟိုးလေးတကျော် ဖြစ်သွားခဲ့တာကြောင့် Weibo မှာ "BMW Mini" ဆိုတဲ့ စကားလုံးက ၂၀၂၃ ဧပြီလ ၁၉ ရက်မှာ ဒုတိယ အရှာအများဆုံး စကားလုံး ဖြစ်ခဲ့ပါတယ်။ ရှယ်ကြတယ်။  ဒေါင်းလုဒ် ရယူပြီး ပို့စ်ပြန်တင်ကြတယ်။ အဲဒီဗီဒီယိုအတို ကြည့်ရှုသူ နေ့ချင်းညချင်း ၉၃ သန်းကျော်သွားပါတယ်။ ပုံတွေလဲ ရှယ်ကြပါတယ်။ အပြစ်တင်တဲ့ မှတ်ချက်တွေ ရေးသားကြပါတယ်။

 

 

အချိန်အခါက BMW အတွက် အရေးကြီးနေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ 

BMW နှင့် ဂျာမန် မော်တော်ကား ထုတ်လုပ်သူ များက ရှန်ဟိုင်း မော်တော်ကား ပြပွဲတွင် အင်ပြည့်အားပြည့် ပါဝင်ထားကြပါတယ်။

ပြိုင်ဘက် တရုတ်ကားထုတ်လုပ်သူတွေက တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ ဈေးကွက်ဝေစု ရယူနိုင်ခဲ့ကြလို့ အသည်းအသန် ယှဉ်ပြိုင်နေကြရပါတယ်။ ကားဝယ်စီးသူတွေအကြား မျက်နှာပန်းလှဖို့ ပြပွဲမှာ ပါဝင်ပြသခဲ့ရာမှ အခုဖြစ်ရပ်ကြောင့် အကြီးအကျယ် မျက်နှာပျက်ခဲ့ရပါတယ်။ ရေခဲမုန့် အခမဲ့ ကျွေးတာအတွက် မျက်နှာမရ ခြေထောက်ရသွားပါတယ်။

.

 စီမံခန့်ခွဲမှုက တကယ်ကို ချွတ်ချော်ပါတယ်။ ပြခန်းလာကြည့်တဲ့ ဧည့်သည်တွေကို ကျွေးဖို့ရေခဲမုန့် ခွက် ၃၀၀ ပဲ စီစဉ်ထားပါတယ်။ မလောက်မင ဆင်ပါးစပ် နှမ်းပက်ထားတာပါ။

.

 ရေခဲမုန့်တွေကို လက်သင့်ရာ ကျွေးမွေးနေတယ်။

ပြခန်းမှာ ဝယ်လက်ဖြစ်လာမယ့် အလားအလာရှိတဲ့ တရုတ်နိုင်ငံသားတွေက ရေခဲမုန့် မရကြဘူး။ ကားမဝယ်မှာ သေချာတဲ့ နိုင်ငံခြားသားတွေက ရေခဲမုန့် စားခွင့် ကြုံတယ်။ 

ဗီဒီယိုထဲမှာ ရေခဲမုန့် ရသွားတဲ့ နိုင်ငံခြားသားက BMW ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ လာကြည့်တဲ့ ဧည့်သည် မဟုတ်ဘဲ ရေခဲမုန့် ယူစားတာ ဖြစ်ပါတယ်။ မလောက်မင ခွက် ၃၀၀ ထဲမှ တစ်ခွက်ကို သူယူစားပါတယ်။

‌ပြခန်းမှာ ရေခဲမုန့် ပေးတဲ့ဝန်ထမ်း‌ေတွက ပွဲအတွက် ယာယီ ငှားရမ်းထားတာ ဖြစ်ပါတယ်။ BMW ဝန်ထမ်း မဟုတ်ပါ။  သူ့ကြောင့် brand ထိခိုက်မှာကို မသိနားမလည်သူတွေသာ ဖြစ်ပါတယ်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 515 times