ထိုင်းမှာ BEV ရောင်းအား ဆက်လက်မြင့်တက်


ထိုင်းမှာ BEV ရောင်းအား ဆက်လက်မြင့်တက်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံတွင် ဘက်ထရီသုံး လျှပ်စစ်ကား  battery electric vehicle (BEV) ရောင်းအားသည် ယခုနှစ်တွက် လျာထားချက် အစီးရေ ၄ သောင်းထက် ကျော်လွန်ပြီး အစီးရေ ၆ သောင်း၊ ၈ သောင်းအထိ ရောက်ရှိသွားနိုင်သည့် အလားအလာ ရှိနေပြီး ပြည်တွင်း ထုတ်လုပ်သည့် အင်ဂျင်ကားများ၏ ရောင်းအားကို ထိခိုက်နိုင်သည်ဟု ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries(FTI) က ပြောကြားသည်။ 

တရုတ်နိုင်ငံမှ တင်သွင်းသည့် အီးဗီများသည် ဝယ်ယူသူများကို ဆွဲဆောင်သည့် မော်ဒယ်လ်အသစ်များနှင့် အရောင်းမြှင့်တင်ရေး ကမ်ပိန်းများဖြင့် BEV ရောင်းချမှုကို တွန်းအားပေးနေကြောင်း FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။

"တရုတ် BEV တွေက ထိုင်းအီးဗီ စျေးကွက်ကို လွှမ်းမိုးထားပြီး  ရောင်းအား ဆက်လက်ကြီးထွားလာရန် မျှော်လင့်ထားပါတယ်"ဟု ၎င်းက ပြောကြားသည်။ 

လာမည့်နှစ်တွင် ထိုင်းပြည်တွင်းကားအသစ် ဈေးကွက်တွင် ထိုက်းပြည်တွင်းထုတ် အီးဗီဗားရှင်းများ ပိုမိုရောင်းချနိုင်မည်ဟု ကလပ်အသင်းက မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံရှိ စက်ရုံများတွင် တပ်ဆင်ထုတ်လုပ်သည့် အီးဗီ အရေအတွက်မှာ လက်ရှိတွင် နည်းပါးနေသေးသည်။

 Source Bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1534 times