ထိုင်းကားဈေးကွက် Bentley စံချိန်တင် ရောင်းအားမြင့်တက်


 ထိုင်းကားဈေးကွက် Bentley စံချိန်တင် ရောင်းအားမြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဗြိတိန် စည်းစိမ်ကားထုတ်လုပ်သူ Bentley သည် ၂၀၂၂ ခုနှစ်တွင် ထိုင်းကားဈေးကွက်တွင်  စံချိန်တင် ရောင်းအားမြင့်တက်ခဲ့သည်။
ဟိုက်ဘရစ်မော်ဒယ်အတွက် အမှာစာ ၈၁ စီး ရရှိခဲ့သည်။
လူကြိုက်အများဆုံး Bentley မော်ဒယ်သည် လက်ရှိတွင် Flying Spur Hybrid ဖြစ်ပါသည်။
၂၀၂၂ တွင် အစီး ၄၀ အမှာစာ ရရှိခဲ့သည်။ တစ်နစ်တာ အမှာစာ ရရှိခဲ့သည့် စီးရေစုစုပေါင်း၏ ၄၉% ဖြစ်ပါသည်။
ဒုတိယ အမှာစာ အများဆုံးမှာ Bentayga Hybrid ဖြစ်ပြီး ၃၅ စီး အမှာစာ ရရှိခဲ့သည်။ တစ်နှစ်တာ အမှာစာ ရရှိခဲ့သည့် စီးရေစုစုပေါင်း၏ ၄၃% ဖြစ်ပါသည်။

Flying Spur Hybrid ကို ၂၀၂၂ ခုနှစ်အစောပိုင်းကတည်းက အမှာစာများလက်ခံခဲ့သော်လည်း အဆိုပါကားသည် ပြီးခဲ့သည့်လ ၂၀၂၃ ဇန်နဝါရီလကျမှ  Thailand International Motor Expo တွင် တရားဝင် ပွဲဦးထွက် ပြသခဲ့သည်။

ထိုင်းနိုင်ငံအတွက် တရားဝင် ကိုယ်စားလှယ် တင်သွင်းသူ Bentley Bangkok ၏ အဆိုအရ စည်းစိမ်ရှိခြင်းနှင့် စွမ်းဆောင်ရည်ကို မထိခိုက်စေဘဲ လျှပ်စစ်မုဒ်ဖြင့် မောင်းနှင်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံတွင် ဟိုက်ဘရစ် စည်းစိမ်ကားများသည် ဝယ်ယူသူများအကြား ရေပန်းစားလာပါသည်။
ဟိုက်ဘရစ်ကားများအတွက် အခွန်နှုန်းထားများ နိမ့်ကျခြင်းသည်လည်း လက်လီစျေးနှုန်းများကို သက်သာစေပါသည်။

Bentley Bangkok က Flying Spur Hybrid ကို ဗားရှင်း ၃ မျိုးဖြင့် ရောင်းချပါသည်။
 2023: S  ဘတ် ၁၆ သန်း
Azure  ဘတ် ၁၆.၆ သန်း
Mulliner ဘတ် ၁၉ သန်း

ဓာတ်ဆီအင်ဂျင်ကားများနှင့် ကွဲပြားခြားနားစေရန် Hybrid တံဆိပ်များ ကိုယ်ထည်ပေါ်တွင် တပ်ဆင်ပေးထားပါသည်။ 


Bentley Flying Spur Hybrid
Engine: 2.9-litre V6 TFSi ICE; 103kW electric motor
Transmission: 8-speed automatic
Power (combined): 536bhp
Torque (combined): 750Nm
Battery capacity: 18kWh
PERFORMANCE
Maximum speed (combined): 285kph
Maximum speed (electric only): 140kph
0-100kph: 4.3secs
DIMENSIONS
Length: 5,316mm
Width: 2,220mm
Height: 1,483mm
Wheelbase: 3,194mm

Source bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1338 times