ကားဉာဏ်ရည်ဉာဏ်စွမ်း AutoPark


ကားဉာဏ်ရည်ဉာဏ်စွမ်း AutoPark

 

ကားတွေမှာ ဉာဏ်ရည်နှင့် တတ်ကျွမ်းမှုများ ထည့်ပေးထားပြီး ယာဉ်မောင်းသူကို အထောက်အကူပြုပေးစေတာမှာ ဉာဏ်ရည်နှင့် တတ်ကျွမ်းမှုတစ်မျိုးက ကားကို ပတ်ကင်ထိုးပေးတဲ့ auto-park အင်္ဂါရပ် ဖြစ်ပါတယ်။ 
နမူနာအဖြစ် Hyundai Ioniq 5 မှာ ပါတဲ့ auto-park အလုပ်လုပ်ပုံကို ဖော်ပြအပ်ပါတယ်။


ကားရပ်ထားလိုတဲ့နေရာတစ်ဝိုက်ကို ကားရောက်ရှိတဲ့အခါ ဘီးလှိမ့်ရုံမျှ ဖြည်းဖြည်းမောင်းရင်း Auto Park ကင်မရာခလုတ်ကို နှိပ်ရင် ကားက ကားရပ်ဖို့နေရာကို ကင်မရာဖြင့် လိုက်ကြည့်ပြီး ရှာဖွေပေးပါတယ်။ ရပ်ဖို့ အဆင်ပြေမယ့်နေရာတွေ ရှာဖွေတယ်။
ရပ်ဖို့နေရာ တွေ့တဲ့အခါ ကားလှိမ့်နေတာကို ရပ်လိုက်ဖို့ အချက်ပြတယ်။ ရပ်လို့ရမယ့်နေရာတွေ ပြပေးတယ်။ နှစ်သက်ရာနေရာတစ်ခုကို park နှိပ်ပြီး ကားကို အသိပေးလိုက်တဲ့အခါ ကားက သိရှိမှတ်သားထားလိုက်တယ်။ 

 

IONIQ 5 AUTO PARK BUTTON


တကယ်လို့ နေရာက ကျဉ်းနေရင် ပတ်ကင်ထိုးပြီးတဲ့အခါ တံခါးဖွင့်ဆင်းလို့ မရနိုင်လောက်အောင် ဘေးကကားနဲ့ ကပ်နေမယ်ဆိုရင် ကားက ပတ်ကင်မထိုးခင် ကားပေါ်မှ လူအရင်ဆင်းလိုက်ပြီး သော့သီး key fob မှာပါတဲ့ ခလုတ်ကို နှိပ်ပြီး ကားကို ပတ်ကင်ထိုးခိုင်းနိုင်ပါတယ်။ စမတ်ဖုန်းထဲ အက်ပ်တင်ထားပြီး စေခိုင်းရတဲ့ အမျိုးအစားဆိုရင်လည်း စမတ်ဖုန်းဖြင့် လှမ်းခိုင်းနိုင်ပါတယ်။

Hyundai Ioniq 5 key fob 

 


ပတ်ကင်ထိုးထားတာ တံခါးမဖွင့်သာလို့ ကားပေါ် တံခါးဖွင့်တက်ဖို့ ခက်နေရင် ကားကို ပတ်ကင်ကနေ နေရာရွေ့ပြီး ထွက်လာဖို့ကိုလည်း သော့သီးမှာ ပါတဲ့ ခလုတ်ကိုနှိပ်ပြီး စေခိုင်းလို့ ရပါတယ်။ ကားက ရပ်နေရာက နေရာရွှေ့ပေးပြီးတဲ့နောက်မှာ တံခါးဖွင့်ဖို့ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတော့မှ တံခါးဖွင့်ပြီး ကားပေါ်တက်နိုင်ပါတယ်။

 

 

 

 

 

 

rt

Read 961 times