အီးဗီ လစဉ်ပေး အငှားလုပ်ငန်းသစ် Autonomy က အီးဗီ ၂၃,၀၀၀ စီး ဝယ်ယူ


အီးဗီ လစဉ်ပေး အငှားလုပ်ငန်းသစ် Autonomy က အီးဗီ ၂၃,၀၀၀ စီး ဝယ်ယူ

Tesla လျှပ်စစ်ကားများကို အသုံးပြု၍ လျှပ်စစ်ကား လစဉ်ပေး ငှားရမ်းခြင်း ဝန်ဆောင်မှုဖြစ်သော Autonomy က Tesla Model Y ကို ၎င်း၏ ကားအုပ်စုတွင် ထပ်မံဖြည့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယခုအခါ တစ်ပတ်လျှင် Tesla ကားအစီးရေ ၂၀၀ ခန့် မှာယူလျက်ရှိသည်။

Rivian ၊ Lucid ၊ Ford နှင့် အခြား brand များမှ EV များပါဝင်မည့် အီးဗီစီးရေ ၂၃,၀၀၀ ကို Autonomy က မှာကြားဝယ်ယူလျက်ရှိသည်။


Autonomy ကို  TrueCar ထူထောင်သူ Scott Painter က ၂၀၂၂ ဇန်နဝါရီလတွင် ထူထောင်ခဲ့ပါသည်။ အီးဗီလစဉ်ပေး အငှားဝန်ဆောင်မှုကို  Tesla Model 3 လျှပ်စစ်ကား အစီး ၁၀၀ ဖြင့် စတင်ခဲ့သည်။ နှစ်မကုန်ခင် အစီး ၁,၀၀၀ ရှိသည့်အထိ ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ကားအငှားကို အက်ပ်ဖြင့်သာ ငှားရမ်းရသည်။ အက်ပ်တွင် မှာကြားရသည်။ ကားလာပို့ပြီးလျှင် အခကြေးများကို အက်ပ်မှတစ်ဆင့် ပေးဆောင်ရသည်။ 

 လစဉ်ကြေးမှာ တစ်လ $490 ဖြစ်ပြီး အနည်းဆုံး ၃ လ ငှားရသည်။ စဘော် ၁၀ လစာ $4,900 သွင်းရသည်။

 လစဉ်ကြေး တစ်လ $1,000 သွင်းမည်ဆုိလျှင် စဘော် $1,000 သာသွင်းဖို့ လိုသည်။

 Scott Painter က Autonomy တွင် ယခုအခါ Tesla လျှပ်စစ်ကား စီးရေ ၁,၀၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း Electrek မီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားသည်။ အများစုမှာ Tesla Model 3 များ ဖြစ်ပြီး Tesla Model Y အနည်းငယ်ညစတင်ပါဝင်လာပြီဟု Scott Painter က ပြောကြားသည်။

ငှားရမ်းကြသူများတွင် တစ်ဝက်ခန့်က တစ်လ $490 ကို ရွေးချယ်ကြပြီး ကျန်ထက်ဝက်တို့က တစ်လ $1,000 ကို ရွေးချယ်ကြသည်။

Autonomy ၏ စီအီးအို တာဝန်ရယူထားသော Scott Painter က ကားငှားရမ်းရန် စာရင်းပေးသွင်းထားပြီး ကားမရသေးသဖြင့် စောင့်ဆိုင်းနေသူများ ဦးရေ ၁,၀၀၀ ခန့် ရှိသည်။ 

ယခုအခါ Tesla လျှပ်စစ်ကားများ တစ်ပတ်လျှင် စီးရေ ၂၀၀~၃၀၀ ရရှိနေပြီ ဖြစ်သဖြင့် စာရင်းပေးသွင်းပြီးလျှင် ကားရဖို့ ၅ ရက်တန်သည်၊ ၆ ရက်တန်သည် ‌စောင့်ပြီးလျှင် ကားရရှိကြသည်ဟု Scott Painter က ပြောကြားသည်။

စီးလုံးငှား ဝန်ဆောင်မှု လုပ်ငန်း Hertz နှင့် မတူသည့်အချက်မှာ Hertz က Tesla လျှပ်စစ်ကား စီးရေ ၁၀,၀၀၀ မှာကြားထားသည်။ 

Autonomy က Tesla Model 3 ဖြင့် လုပ်ငန်းစတင်ခဲ့သော်လည်း ရနိုင်သမျှ အီးဗီ brand များ၊ အီးဗီ ကားမော်ဒယ်များကို သုံးစွဲသွားမည် ဖြစ်သည်။ 

၂၀၂၂ စက်တင်ဘာတွင် Autonomy မှာ Tesla စီးရေ ၃,၀၀၀ ခန့် ရှိလာမည်။ ယခုနှစ်ကုန်တွင် Tesla စီးရေ ၁၀,၀၀၀ ထားရှိရန် လျာထားသော်လည်း Tesla ထံမှ လိုချင်သလောက် မရနိုင်သောကြောင့် စီးရေ ၆,၀၀၀ ဟု ပြင်ဆင်လျာထားသည်။

Autonomy ထံမှ အက်ပ်ဖြင့် ငှားရမ်းလာသည့် အီးဗီများကို ငှားရမ်းသူများထံ ပေးပို့ရန်အတွက် ကားရောင်းဝယ်ငှားလုပ်ငန်း Auto Nation နှင့် စီးပွားဖက်အဖြစ် လက်တွဲထားသည်။ ငှားရမ်းသည့်ကားများ ပြုပြင်ထိန်းသိမ်းရန်အတွက်လည်း Auto Nation က တာဝန်ယူထားပါသည်။

#MyanmarAutomobileGuide

 Telegram Channel https://t.me/Guid4U

Source:Electrek

Read 2603 times